ငါ့ကိုလာမထိနဲ့ အသက်ချင်းလဲပစ် လိုက်မယ်…..ဆိုတဲ့အထိ ဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်

ဘရုစ်စလီလို ကီသွင်း ပြီး ……

ငါ့ကိုလာမထိနဲ့ အသက်ချင်းလဲပစ် လိုက်မယ်…..ဆိုတဲ့အထိ ဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်

ပြည်ထဲရေး ဝန်ကြီး ဟောင်း နဲ့ ရဟတ်ယာဉ် ပျက်ကျ လို့ ကွယ်လွန် ခဲ့ တဲ့ ဗိုလ်မှူးချုပ် လွန်းမောင် ရဲ့ သား ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ယနေ့ နံနက် အစော ပိုင်း မှာ နေပြည်တော် အကျဉ်း ထောင် ထဲ ကို ပြောင်း ရွေ. ပြီး စစ် ဆေး မေးမြန်း နေ တယ် လို့ သိရပါတယ်။

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ကို မနေ့ ညကတည်း က အကျဉ်းထောင် ကို ပြောင်း ရွှေ့ ဖို့ စစ်တပ် က အရာရှိ အချို. လာရောက် ခေါ် ဆောင် ရာမှာ သူက ရုန်း ကန် ပြီး ငါ့ အသား ကို လာမထိနဲ့ သေရဲ တယ်။ အသက် ချင်း လဲပစ် လိုက် မယ် ဆို ပြီး အရာရှိ အချို့ ကို ထိုး ကြိတ် ရန်မူ ဖို့ ပြင် ဆင် နေလို့ မနက် မိုး လင်း ထိ စောင့် ခဲ့ ရတယ် လို့ သိရပါတယ်။

နေပြည်တော် ထောက် လှမ်း ရေး စခန်း တစ် ခုမှာ ဖမ်းဆီး စစ်မေး ခံ နေရတဲ့ ဒုဗိုလ်ချုပ်ကြီး ဟာ အကျဉ်း ထောင် ကို ပြောင်း ရွှေ. စစ် မေး မယ် လုပ် တော့ သူ့ ကို လာ ရောက် ခေါ် ဆောင် သူ တွေကို ဘရုစ် လီ လို မာန်ဖီ ပြီး ပြန်ပြီး ခုခံ ဖို့ လုပ် နေ တာ ကြောင့် ယခင် ခေါင်း ဆောင် ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ လူယုံ ဗိုလ်ချုပ် စိုးရှိန် ရဲ့ ကြား ဝင် ဆောင် ရွက် ပေး မှု နဲ့ နံနက် အရုဏ် တက် ချိန်မှာ ပြည်ထဲရေး ဝန်ကြီး ဟောင်း ဟာ ထောက်လှမ်း ရေး အရာရှိ ပေါင်း မြောက် များ စွာ ခြံရံ ပြီး နေပြည်တော် အကျဉ်း ထောင် ထဲ ကို လိုက် ပါ သွား တယ် လို့ သိရပါတယ်။

စစ်ကြော ရေး စခန်း မှာ လက်သီး နှစ်ဖက် ကို အသင့် အနေ အထား နာရီ ပေါင်း များ စ္စာ ဆုပ် ထား ပြီး တိုက်ခိုက် ဖို့ အသင့် အနေ အထား ဖြစ် နေ တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဟာ သူနဲ့ သူငယ် ချင်း မိတ်ဆွေ လို ဖြစ် နေတဲ့ ဗိုလ်ချုပ် စိုးရှိန် ရဲ့ ခေါ် ဆိုမှု ကို အရာရှိ တစ် ယောက် ရဲ့ ဆဲလ်ဖုန်း က နေ နှစ် ဦး သား မိနစ် အနည်း ငယ် အကြာ ပြော ဆို ပြီး နောက် မှာ သူ ဟာ စိတ် လျော့ လိုက် ပြီး စစ် ထောက် လှမ်း ရေး တွေရဲ့ ခေါ် ဆောင် ရာ ကို လိုက် ပါခဲ့ တယ် လို့ သိရပါတယ်။

ဗိုလ်ချုပ် စိုးရှိန် နဲ့ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ နှစ်ဦး တယ်လီဖုန်း ပြော ဆိုမှု ကို ကိုယ်ရေး ကိုယ် တာ အခွင့် အရေး အနေ နဲ့ သီးသန့် လုပ် ပေး ခဲ့ တဲ့ အတွက် ကာယကံ ရှင် နှစ် ဦး က လွဲ ပြီး ဘယ် သူ မှ မသိ နိုင်ပေမယ့် အခြား အတည် ပြုလို့ မရ သေး တဲ့ ရင်း မြစ် မှာ ဆိုရင် ဗိုလ်ချုပ် ဟောင်း စိုးရှိန် က ထောင် ဒဏ် အပြစ် ပေးမယ့် အဆင့် ထိ မရောက် ပါဘူး။ ခဏ စစ် မေး ဖို့ လောက် ပါပဲ၊ အဖိုးကြီး ရှိပါတယ် စိတ် မပူ ပါနဲ့ လို့ ဖျောင်းဖြ ပြော ဆို ခဲ့ တယ် လို့ ဆို ပါတယ်။

ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် နဲ့ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့် ထွန်း တို့ ရဲ့ ငွေကြေး နဲ့ လာဘ်လာဘ အရှုပ် တော် ပုံ နဲ့ ပတ် သက် ပြီး ဖမ်း ဆီး ထား သူ တွေရဲ့ မိသားစု ဝင် တွေ ရဲ့ အိမ် တွေ ကို အကျယ် ချုပ် လို မျိုး ပိတ် ဆို့ ထား တာ ၊ တယ်လီ ဖုန်း လိုင်း တွေ ဖြတ် တောက် ထား တာ မျိုး လည်း ပြုလုပ် ထား တယ် လို့ သိ ရပါတယ်။

Credit


Comments

Leave a Reply

Your email address will not be published. Required fields are marked *