အရေခြုံအနုပညာရှင်တွေစပ်ကြတော့မယ့် ဖြူဖြူကျော်သိန်းရဲ့ “ကောက်ရိုးမီး”
ဘဝနွံနစ်နေတာကိုတောင် သတိမထားနိုင်ရှာဘဲ ပြည်သူအများစုက ယုံလွယ်၊ သနားလွယ်၊ ဖြည့်တွေးလွယ်ကြတဲ့အပေါ် ပြောချင်တာတွေကို မျိုသိပ်ထားရင်းက စိတ်ထွက်ပေါက်အဖြစ် ရေးသားဖြစ်တယ်ဆိုတဲ့ သီချင်းအသစ်တပုဒ်ကို တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက စက်တင်ဘာ ၂၄ ရက်မှာ မျှဝေထားတာ တွေ့ရပါတယ်။
“ခုတလော မြင်နေ တွေ့နေ ကြားနေရတာတွေက အဆင်မပြေလှဘူး။ ပြောပြန်ရင်လည်း “မနာလိုလို့” ဆိုတဲ့ ခပ်ညံ့ညံ့အကွက်နဲ့ ရန်တိုက်ခံရဦးမယ်။ လူများစုကလည်း ယုံလွယ်၊ သနားလွယ်၊ ဖြည့်တွေးလွယ်ရှာလေတော့…
ကိုယ့်အိုင်ဒေါတွေကို ကာကွယ်ပေးဖို့ဆိုရင် သူတို့ဘဝနွံနစ်နေတာကိုတောင် သတိမထားနိုင်ရှာပဲ၊ ထောက်ပြပြောဆိုသူတွေကိုသာ မုန်းတီးရန်လိုကြဦးမယ်၊ ဒီလိုနဲ့ပဲ… ပြောချင်တာတွေကို မျိုသိပ်ထားရင်း သီချင်းရေးဖို့ စိတ်ကိုထွက်ပေါက်ပေးမိတယ်” ဆိုပြီး သီချင်းဖန်တီးဖြစ်ပုံကို ဖြူဖြူကျော်သိန်းက ရှင်းပြထားပါတယ်။
ကောက်ရိုးမီး သီချင်းကို ” ေ-ာက်သုံးမကျတဲ့ နွားတွေ၊ ကျွန်စိတ်အတိနဲ့ဖားတွေ” ဆိုတဲ့စာသားတွေနဲ့ အစပြုထားပြီး “သေပေးနေရတဲ့အသက်တွေ၊ ပျက်စီးသွားတဲ့ဘဝတွေ၊ ဘယ်လိုရင်ဆိုင်ကာ ပုံမှန်နေနိုင်လဲ မသိတယ်” ဆိုပြီး တစတစနဲ့ ဖျော်ဖြေရေးအလုပ်တွေနဲ့ ပုံမှန်လို လည်ပတ်ပြနေတဲ့ အရေခြုံအနုပညာရှင်အချို့ကို မေးခွန်းထုတ်ထားပါတယ်။
“ထွက်လာတဲ့သီချင်းက (ကိုယ့်အတွက်တော့) ဖြူဖြူကျော်သိန်းဘဝမှာ ဆိုဖူး ရေးဖူးသမျှထဲ အရိုင်းဆုံးပဲ။ ကြိုပြောထားတယ်နော်၊ နည်းနည်းရိုင်းမယ်လို့။ ပြီးတော့မှ “တို့ဖြူဖြူလေး ရိုင်းလှချေလား” ဆိုပြီး လာမပြောနဲ့။
ယူတို့ဖြူဖြူလေး ခုလိုစကားလုံးတွေ ကြမ်းသွားအောင် ဘယ်သူတွေလုပ်လိုက်တာလဲ ဆိုတာပဲ နှလုံးသားနဲ့ခံစားပြီး မြင်အောင်ကြည့်ပါ”လို့ ဆိုပြီး တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပရိသတ်တွေကို အသိပေးထားတာ တွေ့ရပါတယ်။
ကောက်ရိုးမီး
ရေး/ဆို/တီး ~ ဖြူဖြူကျော်သိန်း
Verse 1 :
$သုံးမကျတဲ့နွားတွေ
ကျွန်စိတ်အတိနဲ့ဖားတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရောလေ…
သေပေးနေရတဲ့အသက်တွေ
ပျက်စီးသွားတဲ့ဘဝတွေ
ဘယ်လိုရင်ဆိုင်ကာ ပုံမှန်နေနိုင်လဲ မသိတယ်…
Cho :
မရှက်တတ်ကြသူတွေ
နှလုံးသားမရှိသူတွေ
ရက်ရက်စက်စက် သူများရဲ့အသက်အပေါ် လောင်းကြေးထပ်ကာ ပျော်ပါးတတ်ကြသူတွေ…
စာနာစိတ်မဲ့ကြသူတွေ
တကိုယ်ကောင်းစိတ်ကြီးသူတွေရေ
အတ္တကြီးနဲ့ ကောက်ရိုးမီးဖြစ်ကာ
ကိုယ့်ကလွဲရင် ဘာမှမမှုသူတွေ…
နင်တို့တွေ…
ငါတို့တွေ…
နင်တို့တွေ…
$ကျင့်ယုတ်သူတွေ…
Verse 2 :
မာနမဲ့ကာ မေ့လွယ်သတဲ့
အကြိုက်ပေးလိုက်ရင် အိတ်ကပ်ထဲ
ခုန်ဆင်း ခေါင်းငြိမ့် ကြိုးဆွဲရာကမြဲ…
အပျော်အပါးမက်ကာ သတ္တိနည်း
မတော်မတရားမှုမှာ မျက်နှာလွှဲ
ကိုယ့်အသားမဟုတ်မရွေ့ မသိချင်ယောင်ဆောင်ဆဲ…
Cho :
Bridge :
ကိုယ်အဆင်ပြေမယ်ဆို အကုန်ချနင်းရဲတယ်
ကိုယ်နေသာမယ်ဆို ဘယ်အရာမဆို ဖျက်ဆီးဝံ့တယ်
ထိမှသိလို့ ဖိမှနာသူတွေရယ်…
ဆင်ခြေတွေကို လွယ်လွယ် ပေးတတ်တယ်
ယုံကြည်ရာကို ကာကွယ်ချင်စိတ် နည်းလွန်းတယ်
အဆုံးထိလျှောက်ဖို့ စိတ်မခိုင်သူတွေ
အားလုံးလွှတ်ချ အညံ့ခံသူတွေ
ကြောက်စိတ်ဗန်းပြ အသက်ရှင်သူတွေနဲ့…
Cho :
Ending:
နင်တို့တွေ…
ငါတို့တွေ…
နင်တို့တွေ…
$ကျင့်ယုတ်သူတွေ…🥺
Leave a Reply