အာဏာသိမ်း စစ်ကောင်စီ၏ မြစ်ကြီးနားလေတပ်စခန်းကို ကချင်လွတ်လပ် ရေးတပ် (KIA) နှင့် ကချင် ပြည်သူ့ကာ ကွယ်ရေးတပ် (KPDF) တို့က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA တိုက်ပွဲသတင်းများ ဖော်ပြနေသည့် 7stars News သတင်းဌာနက ရေးသားသည်။
မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာအနီး၊ ဧရာဝတီမြစ်ကမ်းဘေးရှိ နမ့်ပေါင်လေတပ်စခန်းကို စက်တင်ဘာ၂၄ ရက် နံနက်ပိုင်းတွင် KIA နှင့် KPDF များက ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေတပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ၏ F-7 အမျိုးအစားတိုက်လေယာဉ်၂ စင်း ပျက်စီးသွားကြောင်း 7stars News က ဆိုသည်။
စစ်ကောင်စီ၏ မြစ်ကြီးနားလေတပ်စခန်း တိုက်ခိုက်ခံရသည့်ကိစ္စနှင့်ပတ် သက်၍ ပိုမိုသိရှိနိုင်ရန် KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ လေတပ်စခန်းတိုက်ခိုက်ခံရသည့် သတင်းကို လူမှုကွန်ရက်တွင် တွေ့သော်လည်း ၎င်းအနေနှင့် အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။
၎င်းက “ကျနော်တို့ဆီတော့ သတင်းရောက်လာတာ မရှိသေးပါဘူး။ ဒီသတင်းကို အတည်ပြုလို့တော့ မရသေးပါဘူး” ဟု ပြောသည်။
KIA နှင့် KPDF များ ပစ်ခတ်သည့် ရှော့တိုက်ဒုံးအချို့သည် လေတပ်စခန်းဝင်းကို ကျော်လွန်ကာ လေတပ်စခန်းမြောက်ဘက်ရှိ မော်ဖောင်းရွာအတွင်း ကျရောက်ခဲ့ကြောင်း Facebook လူမှုကွန်ရက်တွင် ရေးသားမှုများရှိသော်လည်း ဧရာဝတီက သီးခြား အတည်မပြုနိုင်ပါ။
အဆိုပါ လေတပ်စခန်းအား ၂၀၂၁ ခုနှစ် ဧပြီလ ၁၇ ရက်တွင်လည်း လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ပြီး မော်ဖောင်းရွာအတွင်းသို့ ကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံ ၁ ဦး ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ်တချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ F 7 တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းဆက်သွယ်ရေးတာဝါတိုင် ထိမှန်ခဲ့တယ်လို့ ဆို…
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ မနေ့က မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ် ၂ စီး ထိမှန်ခဲ့တယ်လို့ ကချင်ပြည်နယ်အခြေစိုက် တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်တောက်က ပြောပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီ ၄၀ မိနစ်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေတပ်စခန်းကို ၉၀ မမ ၂ လုံး၊ ၁၀၇ မမ ၂ လုံး စုစုပေါင်း ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံးများဟာ မြစ်ကြီးနားလေတပ်စခန်းထဲ ကျရောက်ပေါက်ကွဲပြီး တိုက်လေယာဉ် ၂ စီး ထိမှန်ခဲ့တယ်လို့ လေတပ်အတွင်းသတင်းရင်းမြစ်ဆီက သိရကြောင်း ဗိုလ်တောက်က ပြောပါတယ်။
“တပ်တွင်းသတင်းအရတော့ F 7 တိုက်လေယာဉ် ၂ စီး ထိမှန် ပျက်စီးမီး လောင်တယ်လို့ သိရတယ်။ လေကြောင်း ဆက်သွယ်ရေး တာဝါတိုင်လည်း ထိတယ်။ ထိတာကတော့ ကောင်းကောင်းထိတာ” လို့ ဗိုလ်တောက်က ပြောပါတယ်။
မြစ်ကြီးနားလေဆိပ်ကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်မှုကြောင့် F 7 တိုက်လေယာဉ် ၂ စီး ထိမှန်ပျက်စီးသွားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်တပ် ဘက်က အတည်ပြုချက် မရယူနိုင်သေးပါဘူး။
မြစ်ကြီးနားလေတပ်နဲ့နီးစပ်တဲ့ ရပ်ကွက်များမှာ နေထိုင်တဲ့ ပြည်သူတချို့က မနေ့က မနက် ၈ နာရီဝန်းကျင်အချိန် မြစ်ကြီးနား လေတပ်အတွင်း ပေါက်ကွဲသံများ ဆက်တိုက်ကြားခဲ့ရတယ်လို့ အတည်ပြု ပြောဆိုလို့ ရှော့တိုက်ဒုံးများ လေတပ်အတွင်း ကျရောက်ပေါက်ကွဲမှုကို အတည်ပြုနိုင်ခဲ့ပါတယ်။
အဲ့ဒီ တိုက်လေယာဉ် ၂ စီးပျက်စီးမှုနဲ့ လေတပ်ဆက်သွယ်ရေးတာဝါတိုင် ရှော့တိုက်ဒုံး ထိမှန်မှု အခြေအနေများကို အသေးစိတ် အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
” F 7 ကတော့ အမောင်းသင်အဖြစ် သုံးတာရှိသေးတယ်။ အခုနောက်ပိုင်းတော့ F 7 တွေ တိုက်ခိုက်ရေးမှာ သုံးတာ အရမ်းနည်းတယ်။ လေတပ် တော်တော် များ များမှာတော့ F 7 တိုက်လေယာဉ်တွေတော့ ရှိနေသေးတယ်။ အရမ်းဒိတ် အောက်နေပြီဖြစ်လို့ တိုက်ခိုက်ရေးမှာ သုံးတာ နည်းလာတာ။ လွန်ခဲ့တဲ့ ၅ နှစ် လောက် မှာတင်ကို F 7 က မကြာခဏ ပျက်ကျလို့ ပိုင်းလော့တွေလည်း သေခဲ့ရ တယ်” လို့ လေတပ်သတင်းရင်းမြစ်က ပြောပါတယ်။
မြစ်ကြီးနားရှိ စစ်ကောင်စီ၏ လေတပ်စခန်းတိုက်ခိုက်ခံရပြီး ဂျက်ဖိုက်တာ ၂ စီး မီးလောင်ပျက်စီး
စက်တင်ဘာလ ၂၅ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်း တိုက်ခိုက်ခံရပြီး ရပ်နားထားသည့်ဂျက်ဖိုက်တာ နှစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း ကချင်ပြည်နယ်အခြေ စိုက်တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။
စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က အဆိုပါ လေတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ၉၀ မမ နှစ်လုံး၊ ၁၀၇ မမ နှစ်လုံးတို့ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ဒီမစ်ရှင်ကို ကြိုးစားနေတာကြာပြီ။ စားနပ်ရိက္ခာအတွက် ရုန်းကန် နေရတော့ ငွေကြေးမပြည့်စုံလို့ မြို့ပေါ်ဆင်းပြီး လေ့လာချဉ်းကပ်ရတာ မလွယ်ဘူး။ စိတ်ရှည်ရှည်နဲ့စောင့်ပြီးလုပ်ခဲ့ရတာ။ အခက်အခဲအမျိုးမျိုးကြားက လုပ်ခဲ့ရပြီး ရဲဘော် တွေလည်း အထိအခိုက်မရှိဘဲ မစ်ရှင်အောင်မြင်ခဲ့တယ်”ဟု ကချင်ပြည်နယ်အခြေစိုက် တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့ (NBPDF)အဖွဲ့ တာ၀န်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်၌ စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာ နှစ်စီးထိခိုက် ပျက်စီးခဲ့ပြီး လေတပ်ဆက် သွယ်ရေးတာဝါတိုင်၊ တိုက်လေယာဉ်စက်ပြင်ဂိုထောင်နှင့် အရာရှိဆောင်တို့ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်များသည် ၎င်းတို့၏ မြေပြင်စစ်ကြောင်းထိုးမှုများ အထိနာ၍ ထိခိုက်သေဆုံးမှုများနေသည့်အတွက် လေကြောင်းမှတိုက်ခိုက်မှုကို အများဆုံး အသုံးပြုနေကြောင်း ကချင်ပြည်နယ်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
ပုံစာ-မြစ်ကြီးနားရှိ စစ်ကောင်စီလေတပ်စခန်းတိုက် ခိုက်ခံရပြီး ဂျက်ဖိုက်တာများ မီးလောင်ပျက်စီးနေသည့်ပုံ
Leave a Reply