ချစ်ကိုကြီး ညီထွဋ်ခေါင် ရှက်သွားရလောက်အောင် ချစ်စရာကောင်းတဲ့ စကားအသုံးအနှုန်းနဲ့ စနောက်လိုက်တဲ့ သင်းသဲဗိုလ်

ပရိသတ်ကြီးရေ …..

မော်ဒယ် သင်းသဲဗိုလ်ကတော့ THe Model Academy ပြိုင်ပွဲကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်အောင်မြင်လာသူတစ်ဦးပဲဖြစ်ပါတယ်။

သင်းသဲဗိုလ်ဟာ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်လာချိန်မှာလည်း သူမ ပထမဦးဆုံးရိုက်ကူးတဲ့ “အိမ်ထောင်” ဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။

“အိမ်ထောင်”ဇာတ်လမ်းတွဲမှာ ညီထွဋ်ခေါင်ရဲ့ ဒုတိယအိမ်ထောင်အဖြစ် ပါဝင်သရုပ်ဆောင်ရတဲ့ သင်းသဲဗိုလ်ဟာ အပြင်မှာလည်း ညီထွဋ်ခေါင်နဲ့ တော်တော်လေး ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

ဒီတခါမှာလည်း ညီထွဋ်ခေါင်နဲ့ သင်းသဲဗိုလ်တို့က ပွဲတစ်ခုမှာ ဆုံတွေ့ခဲ့ပြီး အဆိုပါပွဲမှာ နှစ်ယောက်သား မတိုင်ပင်ဘဲ အင်္ကျီအရောင် ဆင်တူလေးတွေဖြစ်နေတာကြောင့် “ချစ်တဲ့သူတွေများ အင်္ကျီအရောင် ဆင်တူ” ဆိုပြီး သင်းသဲဗိုလ်က စနောက်ခဲ့ ပါတယ်။

သင်းသဲဗိုလ်ကတော့ “အိမ်ထောင်”ဇာတ်လမ်းတွဲမှာကတည်းက ညီထွဋ်ခေါင်နဲ့ ခင်မင်ရင်းနှီးခဲ့ပြီး ရှက်တတ်တဲ့ ညီထွဋ်ခေါင်ကို ထက်ထက်ထွန်းနဲ့ပေါင်းပြီး စနောက်နေကြလို့ အင်တာဗျူးဗွီဒီယိုတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

ပရိသတ်ကြီးလည်း သင်းသဲဗိုလ်နဲ့ ညီထွဋ်ခေါင်တို့ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုသဘောကျမယ်လို့ ထင်ပါတယ်နော်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top