ဆေးရုံတက်နေရတဲ့ မေမေ့အတွက် ကိုယ်တိုင်သွေးလှူပေးလို့မရပေမယ့် အနီးကပ်ပြုစုရင်း မေတ္တာတွေပို့ပေးနေတဲ့ မြတ်သူသူ

ပရိသတ်ကြီးရေ …..

သရုပ်ဆောင် မြတ်သူသူကတော့ ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

မြတ်သူသူဟာ သရုပ်ဆောင်အလုပ်အပြင် သီချင်းဆိုတာကိုလည်း ဝါသနာပါပြီး သူမရဲ့ တစ်ကိုယ်တော်သီချင်းအယ်လ်ဘမ်ကိုလည်း ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ မြတ်သူသူက သူမရဲ့မိခင် ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေနဲ့တကွ အွန်လိုင်း Live Sale ရောင်းချခြင်းကို ရပ်နားထားတာပဲဖြစ်ပါတယ်။

မြတ်သူသူကတော့ ဆေးရုံတက်နေရတဲ့ သူမရဲ့မေမေကို အနီးကပ်ပြုစုရင်း “သွေးသားရင်းမို့ မြတ်သူသွေး အမေ့ကို ပေးလို့မရပေမယ့် ပြုသမျှကုသိုလ်အားလုံးကြောင့် အမြန်သက်သာပျောက်ကင်းပါစေ 🙏🙏🙏

ဒီနေ့ သွေးအလှူရှင်နှင့် နောက်ရက် သွေးလှူရှင်များလည်း သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေရှင် 🙏

ကူညီပေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်

အစစအရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ကိုကိုး Sai Htet Myat ” ဆိုပြီး ပြောလာပါတယ်။

မြတ်သူသူကတော့ ဆေးရုံတက်နေရတဲ့ မေမေ့အတွက် ကိုယ်တိုင်သွေးလှူပေးလို့မရပေမယ့် အနီးကပ်ပြုစုရင်း မေတ္တာတွေ ပို့ပေးနေတယ်လို့ဆိုပါတယ်။

မြတ်သူသူရဲ့မေမေလည်း အမြန်ဆုံး နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top