တိုက်လေယာဉ် အပျက်အစီးတွေကို ရှာတွေ့ပြီ

◼️ တိုက်လေယာဉ် အပျက်အစီးတွေကို ရှာတွေ့ပြီ

၁၂ နိုဝင်ဘာ ||| နွေဦးအသံ |||

သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနဲ့ မရောပိုလီရွာကြား တောင်ယာတဲအနီးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်လေယာဉ် အပျက်အစီး အပိုင်းအစတွေကို နိုဝင်ဘာ ၁၂ ရက်မှာ တွေ့ရှိပြီလို့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

(BREAKING NEWS)
စစ်လေယာဉ်အပျက်အစီးများ တောင်ငူခရိုင်အတွင်း တွေ့ရှိ

ပျက်ကျသွားသော စစ်ကောင်စီတပ် တိုက်လေယာဉ်၏ အစိတ်အပိုင်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေ တောင်ငူခရိုင်အတွင်း ရှာဖွေတွေ့ရှိရကြောင်း ဒေသခံတဦးက မဇ္ဈိမသို့ပေးပို့လာသည့် ဓာတ်ပုံများအရ သိရသည်။

တရုတ်နိုင်ငံထုတ် K-8 အပေါ့စား တိုက်လေယာဉ်သည် ယမန်နေ့ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပျက်ကျပြီး လေသူရဲနှစ်ဦး အရေးပေါ်လေထီးခုန်ဆင်းကွာ ထွက်ပြေးလွတ်မြောက်သွားသည်။ ၁၁.၁၁ စစ်ဆင်ရေးအတွင်း ပွိုင့်ဖိုက် 0.5 ကျည်ဖြင့် တုံ့ပြန်ပစ်ခတ်မှုကြောင့် တိုက်လေယာဉ်နှစ်စင်းအနက် တစင်းကိုထိမှန်သွားခဲ့သည်ဟု ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၏ကြေညာချိန်တွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စက်ချို့ယွင်းပျက်ကျသွားသည်ဟုသာပြောသည်။

အခင်းဖြစ်ပွားရာအနီးရောက်ရှိခဲ့သော မဇ္ဈိမသတင်းထောက်ကတော့ “ပေါက်ကွဲသံ” ကြားခဲ့ရသည်ဟုဆိုသည်။ လေသူရဲနှစ်ဦးလုံးခုန်ဆင်းခဲ့သော လေထီးများနှင့် လေယာဉ်ပေါ်ပါပစ္စည်းများ စစ်အုပ်စုတော်လှန်ရေးအဖွဲ့များက သိမ်းဆည်းရမိထားပြီးဖြစ်ကာ လက်ရှိအချိန်အထိ နှစ်ဘက်တပ်များက လွတ်မြောက်သွားသော လေယာဉ်မှူးများကို ရှာဖွေနေဆဲဖြစ်သည်။

ဓာတ်ပုံ- ဒေသခံတဦး


Comments

Leave a Reply

Your email address will not be published. Required fields are marked *