MNDAA ၏ စစ်စခန်းသိမ်း တိုက်ပွဲများတွင် စစ်တပ်၏ လက်နက်များကို တောင်ပုံရာပုံ သိမ်းဆည်းရရှိ (ရုပ်သံ)

ရှမ်းမြောက်တွင် MNDAA ၏ စစ်စခန်းသိမ်း တိုက်ပွဲများတွင် စစ်တပ်၏ လက်နက်များကို တောင်ပုံရာပုံ သိမ်းဆည်းရရှိ (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ၁၂၈ ဗျူဟာကုန်း နှင့် ရှောက်ကိုင်ရွာလမ်းခွဲ ဂိတ်စခန်းနှင့် ပါစင်ကျော်ကျေးရွာ စစ်စခန်း တို့ကို တိုက်ခိုက် သိမ်းပိုက်ရရှိကာ စုစုပေါင်း တပ်စခန်း ၁၄၁ ခုကို သိမ်းပိုက်ရရှိထားကြောင်း၊ ကွမ်းလုံ အပါအဝင် ရှမ်းမြောက်ဒေသမှ ရရှိသော စစ်တပ်၏ လက်နက်များမှာ တောင်ပုံရာပုံဖြစ်နေကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယနေ့နိုဝင်ဘာလ ၁၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် ရှီးရှမ်းဒေသ ၊ ရှောက်ကိုင်ရွာလမ်းခွဲရှိ စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်တစ်ခုကို ကိုးကန့်(MNDAA)မှ လက်နက်ကြီးဖြင့်ပစ်ခတ်ပြီးနောက် ခြေလျင်တပ်ဖွဲ့ဖြင့် ထိုးစစ် တိုက်ခိုက်ခဲ့သိမ်းပိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို ရှင်းထုတ်နိုင်ခဲ့ကာ လက်နက်ခဲယမ်း များလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ကိုးကန့်(MNDAA)၏ အခြားစစ်ကြောင်းများနှင့် စစ်ကောင်စီ တပ် ဖွဲ့ဝင်များကြား ဆက်လက် တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့တွင် ချင်းရွှေဟော်မှ မြောက်ဘက်သို့ ရှေ့တိုးချီတက်လာခဲ့ပြီး ကိုးကန့်ခရိုင်၊ တုန်း ရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ကိုးကန့်(MNDAA)မှ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောက် တုန်းရှမ်းဒေသ၏အုပ်ချုပ်‌ရေးရုံးရှိရာ ရှီးယွင်ကြည်ရွာ(ပါစင်ကျော်)ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ပထမဦးဆုံး အနေဖြင့် စစ်ကောင်စီဗျူဟာကုန်း၏ အနောက်ဘက် တောင်ကုန်း စခန်း ၊ ဟဲ့ဟုတ်တောင်စခန်း နှင့်တွဲဖက်စခန်းများ၊ မင်ရွှဲချမ်းအိမ်၏အနောက်ဘက် တောင်ကုန်းစခန်း များကို ထိုးစစ်တိုက်ခိုက်ခဲ့ရာ ၄ ရက်ကြာမြင့်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၅၀ အချိန်တွင် စစ်ကောင်စီ၏ ၁၂၈ ဗျူဟာကုန်းကို အင်အားအလုံးအရင်းဖြင့် ထပ်မံထိုးစစ်ဆင် တိုက် ခိုက် ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၂၀ အချိန်တွင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ၄ နာရီ မိနစ် ၅၀ အချိန် တွင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ညနေ ၅ နာရီ ၁၇ မိနစ်တွင် ကိုးကန့်ခရိုင်၊ ဟုန်ရှင်း(မော်ထိုက်)ဒေသ ၊ ချုံကန်ရွာရှိ စစ်ကောင်စီစခန်းကို ကိုးကန့်(MNDAA)နှင့် ‌ဒေသလုံခြုံရေးအဖွဲ့တို့မှ အမြစ်ပြတ်တိုက်ခိုက် သိမ်း ပိုက်ခဲ့နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မုံးကိုးခရိုင် ၊ လိုင်ကျုံနေရာတွင်ရှိသော စစ်ကောင်စီတပ်စခန်းကို ကိုး ကန့်(MNDAA)နှင့် မုံးကိုး၊ ကွတ်ခိုင်ဒေသလုံခြုံရေးအဖွဲ့တို့သည် တိုက်ခိုက်သိမ်းယူလိုက်ကြောင်း၊ ထို့အပြင် လားရှိုးမြို့ရှိ စစ်ကောင်စီ၏ ၅၀၇ တပ်ရင်း၏ တပ်စခန်းကို ကိုးကန့်(MNDAA)မှ လက်နက် ကြီး အမြောက်ဖြင့် ၁၁ ကြိမ်ပစ်ခတ်ခဲ့ပြီး မိုင်တိုင် ၁၂ ၌ အခြေချသော စစ်ကောင်စီ၏ ယာယီစခန်းကို လည်း ၁ ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *