စစ်ကူလာသည့် စစ်ကောင်စီလေယာဉ် က ရှမ်းနီပြည်သူ့ စစ်စခန်းပေါ် ဗုံးကြဲချမိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်ကျေးရွာ သို့ စစ်ကောင်စီအတွက် စစ်ကူလာသည့် လေယာဉ်က ရှမ်းနီ(SNA)ပြည်သူ့စစ်စခန်းပေါ်သို့ မှားယွင်းဗုံးကြဲမိ ခဲ့ကြောင်း သိရသည်။

ယနေ့ နို၀င်ဘာ ၉ နံနက် ၂ နာရီ ၄၀ မိနစ်အချိန်ကစပြီး စစ်ကောင်စီနှင့် SNA ရှမ်းနီပူး‌ပေါင်းတပ်စခန်း သုံးခုကို KIA/PDF ပူးပေါင်းအဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီ ၀န်းကျင်တွင် စခန်းအား လုံးကို သိမ်းယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ်စခန်း သုံးခုဖြစ်သည့် ရွှေပြည်မြင့်/သံ ယောဇဉ်ကုန်း အပေါ်နှင့်အောက် ပန်ရှီးကြိုးတံ တား စခန်းတို့ကို KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၂၆ နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ၀င်ရောက်စီးနင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတပ်စခန်းသုံးခု သိမ်းပြီးချိန်တွင် စစ်ကောင်စီက မြေပြင်ထိုးစစ်မဆင်နိုင်တော့ဘဲ လေကြောင်းပစ်ကူ ခေါ်ခဲ့ရာမှ ယခုကဲ့သို့ စစ်ကူလာသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လာသည့် ရဟတ်ယာဉ်က ရှမ်းနီ(SNA)ပြည်သူ့ စခန်းအပေါ်သို့ မှားယွင်းကြဲချမိခဲ့ခြင်းဖြစ်သည်။

“ရှမ်းနီနဲ့ စစ်ကောင်စီပူးပေါင်းတပ်စခန်းတွေကို ၀င် တိုက်တာပါ။ မပခက လေကြောင်းစစ်ကူလာတဲ့အချိန်မှာ ရှမ်းနီပြည်သူ့စစ်စခန်းပေါ်ကို မှားကြဲမိတာ အော်ငိုနေကြတဲ့ အသံတွေကြားရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများက ပြန် လည်ခုခံတိုက်ခိုက်ခြင်း မပြုလုပ်တော့ဘဲ စခန်းကို စွန့်ခွာကာ ဟုမ္မလင်းဘက်သို့ ထွက်ပြေးသွားကြကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top