မရမ်းကုန်းမြို့နယ် HONEY NEST ဘား၊ လှိုင်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် ဗုံးများပေါက်ကွဲ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမရန်းကုန်းမြို့နယ် HONEY NEST ဘား၊ လှိုင်မြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် ဗုံးများပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၂၆ မိနစ်အချိန် လှိုင်မြို့နယ်တွင် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာကြားရပြီး အုတ်ကျင်း ဘူတာရုံလမ်းအနီးရှိ စစ်တပ်နားတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီကျော်ဝန်းကျင်အချိန် တာမွေမြို့နယ်တွင် ပေါက်ကွဲသံတစ်ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း တာမွေမြို့နယ်မှ ပြည်သူတစ်ဦး က ပြောဆိုသည်။

အလားတူ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ သမိုင်းဂုံးကျော်တံတားအဆင်းရှိ HONEY NEST ဘားတွင် ယနေ့ ည ၉ နာရီ ၂၅ မိနစ်အချိန် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“အဲဒီဘားက ညလုံးပေါက်ပဲ။ ပွဲတွေ ပေးတယ်။ နောက်ပြီး စစ်ခွေး အသိုင်းအ၀ိုင်းတွေ အမြဲလာပျော်ပါးတဲ့နေရာ။ မရမ်းကုန်းမြို့နယ်ရဲနဲ့ စစ်တပ်နဲ့တော့ အတော်ပိုင်ပုံပဲ။ ညတွေ အရမ်းဆူညံလို့ တိုင်တာလည်း ဘယ်သူမှ အရေးမယူဘူး။ အခုလို ဗုံးပေါက်တော့လည်း သတိပေးလိုက်သလိုဖြစ်တာပေါ့။ ” ဟု မရမ်းကုန်း ၁ ရပ်ကွက် ၊ သမိုင်းမီးရထားဘူတာရုံလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မရန်းကုန်းမြို့နယ် HONEY NEST ဘားတွင် ယခုည ဗုံးပေါက်ကွဲသည့်မြင်ကွင်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *