မုဒုံ၊ မော်လမြိုင်နှင့် ကျိုက်မရော မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသောနေရာများနှင့် ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လက်နက် ၆ လက်နှင့် ခဲယမ်းများရရှိ

မုဒုံ၊ မော်လမြိုင်နှင့် ကျိုက်မရော မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသောနေရာများနှင့် ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လက်နက် ၆ လက်နှင့် ခဲယမ်းများရရှိ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရော မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNDO တပ်ရင်း ဒရုန်းတပ်ဖွဲ့ တာ၀န်ခံမှပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မုဒုံမြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား ၂ ဦး နှင့် ရဲ မိန်းမဖြစ်သူ ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ညနေ ၃ နာရီ ၁၇ မိနစ်တွင် မော်လမြိုင်မြို့နယ်ရှိ အမရ တပ်ရင်း ၆၂ အမြောက်တပ် ဗဟိုကင်း ကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု အခြေအနေ အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အလားတူ ညနေ ၃ နာရီ ၅၄ မိနစ်တွင် ကျိုက်မရောမြို့ရှိ ခမရ ၂၀၈ တပ်ရင်းကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ်က တပ်အတွင်းမှ လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် ပြန်လည် ပစ်ခက်ခဲ့ကြောင်း၊ ထို့ပြင် ညနေ ၄ နာရီ ၃၁ မိနစ်ခန့်တွင် ကျိုက်မရောမြို့ရှ် အထွေထွေ အုပ်ချုပ်ရေးရုံး ကိုလည် ဗုံးသီး ၁ လုံးကျဲချခဲ့ပြီး စစ်ကောင်စီ လက်အောက်မှ ထွက်ခွာကြရန် သတိပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNDO တပ်ရင်းနှင့် Alpha bats ဒရုန်းတပ်ဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ လက်နက် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း Lion Battalion စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျီဖက်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ဗိုလ်အယ်စေးဝါးဦး ဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲများမှနယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၆ လက်နှင့် ခဲယမ်းများထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း၊

အကြမ်းဖက်စစ်တပ်က လက်လွှတ်ခဲ့ရသောချောင်းနှစ်ခွတံတားကိုပြန်လည်သိမ်းပိုက်နိုင်ရန် လေကြောင်းပစ်ကူများအသုံးပြု၍မြေပြင်ထိုးစစ်များနှင့်ထိုးစစ်ဆင်ခဲ့သော်လည်းကြားဖြတ်တိုက်ခိုက်ခံရပြီးလက်နက်၆လက်အားထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှအကျဆုံးစာရင်းများအားအတည်မပြုနိုင်သော်လည်း ဖရိုဖရဲဖြင့်ထွက်ပြေးဆုတ်ခွာသွားကြကြောင်း ရဲဘော်ဂျီဖက်က ရှင်းပြသည်။

“နိုဝင်ဘာလ ၁၆ ရက်နေ့ ရန်သူ့ဘက်က ဒီဘက်ကို ထိုးပြီးတက်လာတဲ့ စစ်ကြောင်းဘက်က တချို့ ကျွံဝင်သွားတဲ့စစ်ခွေးတွေကို ပစ်တဲ့အချိန်မှာ လက်နက်တွေကျန်ပြီး ထွက်ပြေးသွားတဲ့ကောင်တွေဆီကရတာပါ” ဟု ရဲဘော်ဂျီဖက်က ပြောဆိုသည်။

Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် လက်နက်ခဲယမ်းများထပ်မံသိမ်းဆည်းရမိ

ဗိုလ်အယ်စေးဝါးဦး​ဆောင်သော မဟာမိတ်PDFပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ် အကြမ်းဖက်စစ်ကောင်စီမှစစ်ကြောင်းထိုးလာသော စစ်ကောင်စီများအားကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၆ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့သည်။

အကြမ်းဖက်စစ်တပ်မှလက်လွှတ်ခဲ့ရသော ချောင်းနှစ်ခွတံတားကို ပြန်လည်သိမ်းပိုက်နိုင်ရန် လေကြောင်းပစ်ကူများအသုံးပြု၍ မြေပြင်ထိုးစစ်များနှင့်ထိုးစစ်ဆင်ခဲ့သော်လည်း ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက် ၆ လက်အား ထပ်မံသိမ်းဆည်းရရှိခဲ့ပါသည်။

အကြမ်းဖက်စစ်တပ်မှ အကျဆုံးစာရင်းများအား အတည်မပြုနိုင်သော်လည်း ဖရိုဖရဲဖြင့်ထွက်ပြေးဆုတ်ခွာသွားကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *