ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်က တိတ်တဆိတ် ပေါ်တာဆွဲနေ

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်က တိတ်တဆိတ် ပေါ်တာဆွဲနေ

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်က လူမသိ သူမသိအောင် တိတ်တဆိတ် ပေါ်တာဆွဲနေကြောင်း ဒေသခံများထံက သိရသည်။

မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဝါးခယ်မ၊ ကျိုတ်လတ်၊ မော်ကျွန်း ၊ ဒေးဒရဲနှင့် အခြားမြို့နယ်များတွင် တိတ်တဆိတ် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေပြီး နိုဝင်ဘာ ၁၈ ရက်နေ့ညက မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ လူငယ်အချို့ကို စစ်ကောင်စီတပ်က ပေါ်တာဆွဲသွားကြောင်း မော်ကျွန်းမြို့ ဒေသခံများ ထံကသိရသည်။

“ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းလောက်က အူပင်မြို့ (၁၀)ရပ်ကွက်က လူငယ်အချို့နဲ့ ရွာတွေဘက်က လူငယ်အချို့ကို အချိန်ကျော်လွန်ပြီး အပြင်ထွက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်က ဖမ်းသွားတယ်။ အဲ့ဒီလို ဖမ်းသွားပြီး သူတို့တပ်တွေနဲ့အတူ ရှေ့တန်းစစ်ဆင်ရေး ခေါ်ဆောင်သွားတာတွေရှိတယ်” ဟု မအူပင် မြို့က စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဧရာ၀တီတိုင်းအတွင်းရှိ မြို့များနှင့်ကျေးရွာများမှ လူငယ်အချို့ကို တိတ်တဆိတ် ပေါ်တာဆွဲနေသည့် အပြင် စစ်ကောင်စီ၏

တပ်သားသစ်အဖြစ်ဝင်ရောက်ရန်အတွက် မက်လုံပေးစည်း ရုံးခြင်း နှင့် အဓမ္မ စုဆောင်းခြင်းများပါ လုပ်နေကြောင်း သိရသည်။

“ အခုလ (နိုဝင်ဘာဒုတိယပတ်) မကြာသေးခင်က ညောင်တုန်း ဇက်ဆိပ် နားမှာ အရပ်သားလူငယ်တွေကို စစ်ကောင်စီတပ်က ပေါ်တာဆွဲသွားတယ်။ အခုထိကို ပေါ်တာဆွဲခံရတဲ့ ကလေးတွေရဲ့ မိသားစုတွေနဲ့ အဆက်သွယ်မရဘူး။ ဘယ်ကိုပို့ ထားမှန်းလည်း မသိဘူး” ဟု ညောင်တုန်းမြို့နယ်ရှိ ဒေသခံတစ်ဦးကလည်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်များသည် လက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်နယ်စပ် ဒေသများတွင် ရှေ့တန်းစစ်ဆင်ရေး တာဝန်ဖြင့် ပို့ဆောင်ခြင်း ခံထားရပြီး ပတ်ကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်းနှင့် မြို့တွင်းလုံခြုံရေးတာဝန်များကို ပြည်သူ့စစ်များ၊ စစ်မှုထမ်းဟောင်းသက်ကြီးရွယ်အိုများနှင့် စစ်ကောင်စီတပ်မှ သတင်းပေးခန့်ထားသူများကို စစ်ယူနီဖောင်းဝတ်ဆင်ပေးကာ လုံခြုံရေးတာဝန်များ ချထားကြောင်း စစ်ကောင်စီတပ်နှင့် နီး စပ်သူများထံက သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *