Non-CDM ဆရာ ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေဟု လူစာရင်းနှင့်တကွ KNDF က ကြေညာ

လွိုင်ကော်တက္ကသိုလ် မှ ပါမောက္ခချုပ် အပါအဝင် Non-CDM ဆရာ ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေဟု လူစာရင်းနှင့်တကွ KNDF က ကြေညာ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်း၏ ၁၁၁၁ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်က လွိုင်ကော်တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများ နှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့သော်လည်း KNDF က ကယ်ဆယ်ခဲ့ကြောင်း ယနေ့ညပိုင်း တရားဝင်သ တင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းကြောင့် အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့ကို လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာစဥ် အချိန်၌ KNDF က ဘေးကင်းရာသို့ အရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။

အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့်အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IEC မှ ဆက်လက်လုပ်ဆောင်ပေးလျှက်ရှိကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပြောဆိုထားသည်။

လွိုင်ကော်တက္ကသိုလ် မှ ပါမောက္ခချုပ် အပါအဝင် ဆရာ ၊ ဆရာမများနှင့် မိသားစုဝင်များ လုံခြုံဘေးကင်းစွာရှိနေကြောင်း အသိပေးခြင်း။

၁၁၁၁ စစ်ဆင်ရေး ၏ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်းအား စစ်ကောင်စီတပ်မှ လွိုင်ကော်တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများ နှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့သည်။

စစ်ကောင်စီတပ်မှ လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းကြောင့် အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့အား လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာစဥ် အချိန်၌ ဘေးကင်းရာသို့ မိမိတို့တပ်ဖွဲ့မှအရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရသည်။

အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့်အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IEC မှ ဆက်လက်လုပ်ဆောင်ပေးလျှက်ရှိပါသည်။

ထိုဝန်ထမ်းများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။


Comments

Leave a Reply

Your email address will not be published. Required fields are marked *