ပေါက်တောမြို့တွင် စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော သံဃာတော်များ အပါအဝင် ပြည်သူ ၁၀၀ နီးပါးကို AA က ကယ်ထုတ်

ပေါက်တောမြို့တွင် စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော သံဃာတော်များ အပါအဝင် ပြည်သူ ၁၀၀ နီးပါးကို AA က ကယ်ထုတ်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော သံဃာတော်များအပါအဝင် ရခိုင်ပြည်သူ ၁၀၀ နီးပါးကို AA က ကယ်ထုတ်ခဲ့ကြောင်း AA က တရားဝင် ထုတ်ပြန်ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ ၀၂ မိနစ်ခန့်အချိန် ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို အတွင်း နေရာအချိ့် နှင့် လောကထိပ်ပန်ဘုရားကုန်းတို့တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ မြိုတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီက ပေါက်တောမြိုမှ ရဟန်းသံဃာ အပါအဝင် ဒေသခံပြည်သူလူထု ၁၀၀ နီးပါးကို ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ပြန်ပေးဆွဲထားသည်မှာ ၆ ရက် ခန့်ရှိပြီဖြစ်ပြီး နိုဝင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ပြန်ပေးဆွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုကြောင့် ရက္ခိုင့်တပ်တော်က ပေါက်တောမြို့ အတွင်းမှ စစ်ကောင်စီတပ်ဖွဲဝင်များရှိရာနေရာများကို ဝင်ရောက် တိုက်ခိုက်ပြီး ဓါးစာခံပြည်သူလူထုအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ကယ်ထုတ်နိုင်ရန် ကြိုးစားရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ဓါးစာခံပြည်သူလူထုများအား ကယ်တင်နိုင်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲဝင်များသည်လည်း အထိနာကာ အကျအဆုံးများခဲ့ကြောင်း၊ ရန်သူ့လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ AA ရဲဘော်တချို့ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသိုပါ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကို ယခု အချိန်အထိ ပြုလုပ်လျက်ရှိကြောင်း၊ အာရက္ခပြည်သူလူထုကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ ဝင်များကိုလည်း မိမိတို ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံပြန်သွားမည်ဖြစ်ကြောင်း AA က ဆိုသည်။

ပေါက်တောမြိုအတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲဝင်များကို ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသောဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် AA က ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ပေါက်တောမြို့ကို ယနေ့ညတွင် AA သိမ်းပိုက်နိုင်ဟု​ဒေသခံများ​ပြော

▪️စစ်ကောင်စီဖမ်းဆီးထားသော ဓားစာခံပြည်သူ ၁၀၀ ခန့်ကို အောင်မြင်စွာကယ်ထုတ်နိုင်ဟုAA ထုတ်ပြန်

စစ်ကောင်စီက ၆ရက်ကြာ လူသားဒိုင်းနှင့် ဓားစာခံအဖြစ်ပြန်ပေးဆွဲထားသော ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့အပါအဝင် ဒေသခံ ၁၀၀ခန့်ကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားပေး ယ‌နေ့ည ၇နာရီခွဲတွင် ပေါက်တောမြို့ကို သိမ်းပိုက်နိုင်ပြီဟု သတင်းရရှိသည်။

ပေါက်တောမြို့၌ နိုဝင်ဘာ ၁၆ရက်က တိုက်ပွဲတွင် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းထားသည့် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ ပါဝင်သည့် ဒေသခံ၁၀၀ခန့်ကို ယနေ့ တိုက်ပွဲအတွင်း အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ခြင်းဟု ဆိုသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီက စစ်ရေယာဉ် နှစ်စီးကို ရက္ခိုင့်တပ်တော် ထိမှန်အောင် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မီးခိုးအူနေသည့် ယင်းရေယာဉ်နှစ်စီးဖြင့် စစ်တွေမြို့ဘက်သို့ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

“နေဗီ နှစ်စီး ထိသွားပါတယ်။ စကစက နေဗီနဲ့ အားလုံးဆင်းပြေးသွားကြပါပြီ။ နေဗီနှစ်စီးက ထိပြီး မီးခိုးတွေ ထွက်သွားပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ယ‌နေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀၀ခန့် သေဆုံးသလို ၁၈၀ထက်မနည်းကို အရှင်ဖမ်းမိထားကြောင်း AAနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ သို့သော် အသေးစိတ်ကိုအတည်မပြုနိုင်သေးပေ။

ဓားစာခံပြည်သူလူထုများအား ကယ်တင်နိုင်ခဲ့သည့် ယ‌နေ့တိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲဝင်များသည်လည်း အထိနာကာ အကျအဆုံးများခဲ့ကြောင်း၊ ရန်သူ့လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့ပြီး AAစစ်သည်အချို့လည်း ထိခိုက်ဆုံးရှုံးမှုရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

AA က ၃ မိနစ်​ကျော်ရှိ​သောရုပ်သံဖိုင်ကို ထုတ်ပြန်ရာ စစ်​ကောင်စီတပ်သားအ​လောင်းများ၊ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများနှင့် စစ်တပ်က ဓါးစာခံဖမ်းဆီးထား​သော ပြည်သူ ၁၀၀ ​ကျော်ကို AAတပ်ဖွဲ့ဝင်များကကယ် ထုတ်​နေပုံများပါဝင်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များဆုတ်ခွာထွက်ပြေးသွားပြီးနောက် ယနေ့ည ၇နာရီခွဲတွင် ပေါက်တောမြို့ကို AA က ထိန်းချုပ်လိုက်ကြောင်း သတင်းရရှိသည်။

“ပေါက်တော ၇နာရီခွဲမှာ ပြန်ရပါပြီ”ဟု AAနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပေါက်တောမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၆ရက်နံနက်တွင် ရက္ခိုင့်တပ်တော် (AA)ထံ လက်နက်ချအလင်းဝင်လာပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ကတည်းက စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ အရပ်သားတချို့ သေဆုံးခဲ့သည်။ နောက်ရက်များတွင် တိုက်ပွဲများ ငြိမ်သက်နေခဲ့ပြီး ယနေ့ တကျော့ပြန် ဖြစ်ပွားခဲ့သည်။

နိုဝင်ဘာ ၁၆ရက်က စစ်‌ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုကြောင့် ပေါက်တောမြို့မှအရပ်သားအချို့သေဆုံးခဲ့ပြီး အဆိုပါလုပ်ရပ်သည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်းနှင့်လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု AA က နိုဝင်ဘာ ၁၆ရက် ညနေတွင် သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့ည ထုတ်ပြန်ချက်တွင်လည်း ” ရက္ခိုင့်တပ်တော်သည် ရက္ခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အမြဲတမ်းကာကွယ်ပေးလျက်ရှိပြီး ပြည်သူလူထုအားဒုက္ခရောက်ရန် ပြုလုပ်သော မည်သူ့ကိုမဆို တားဆီးတိုက်ဖျက်သွားမည်။ အာရက္ခပြည်သူလူထုများအား သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုလည်း မိမိတို့ ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံ့ပြန်သွားမည်ဖြစ်သည်”ဟု AAက ထုတ်ပြန်ထားသည်။

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသောဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် မိမိဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း အသိပေးထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *