မတ္တရာမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် အင်အား ၅၀ ခန့်ဖြင့် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာ၌ ၄ ရက်ကြာတပ်စွဲပြီး မတ္တရာမြို့ဘက်သို့ ပြန်ထွက်လာစဉ် ဥဒိန်ကျေးရွာအထွက်နှင့် သစ်ပုဒ်ပင်ရွာတို့အ ရောက် ဒရုန်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးသီး ၁၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ် သား ၂ ဦးသေဆုံးခဲ့ ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သစ်ပုဒ်ပင်ရွာမှ ပြည်သူ့နေအိမ်တစ်လုံး ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးအနားရှိ ဖရဲခင်းစိုက်ပျိုးနေသူ ပြည်သူများကို ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိ ရသည်။

“ဥဒိန်ကျေးရွာကနေ ပြန်ထွက်လာတဲ့အချိန်တစ်ရက်နဲ့ သစ်ပုဒ်ပင်ရွာမှ တစ်ရက် ၂ ရက် ဗုံးကျဲချခဲ့တာပါ၊ မြေပြင်အခြေအနေအရ အခုမှ သတင်းထုတ်ပြန်နိုင်လို့ပါ၊ ဗုံးထိလို့ ၂ ဦးသေတယ်၊ ဒဏ်ရာရတာတော့ မသိရဘူး၊ ဗုံးထိပြီးတော့ ရမ်းသမ်းပစ်လို့ ဖရဲစိုက်နေတဲ့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်၊ ဘယ်ရွာက လဲတော့ မသိဘူး၊ သစ်ပုဒ်ပင်ရွာက နေအိမ်တစ်လုံးကို မီးရှို့သွားတယ်၊ အခုတော့ အဲဒီစစ်ကြောင်းက မတ္တရာမြို့ထဲ ဝင်သွားပြီ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင် ဒရုန်းတပ်ဖွဲ့၊ Phoenix SGG ၊ Royal Falcon တပ်ဖွဲ့နှင့် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *