တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သားတချို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်မီတာရုံးစောင့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ ညတိုက်ခိုက်ကြောင်း Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်အချိန် တောင်ဥက္ကလာပမြို့နယ်၊ လျှပ်စစ်မီတာရုံးစောင့် စစ်တပ် Yangon Army နှင့် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ထိထားတယ်” ဟု Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။

ယင်းနောက် စစ်တပ်က တောင်ဥက္ကလာမြို့နယ်အတွင်းတွင် ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူများကို မျိုးစုံဖိနှိပ်အနိုင်ကျင့်နေသော ဌာနများအားလုံးကို ထိရောက်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးချက် ထုတ်ပြန်ထားသည်။

Leave a Comment