သီချင်းလေး တညည်းညည်းနဲ့ မွင်းခါးချက်တဲ့ပွဲ (ရုပ်သံ)

ပန်းတိုင်းခြုံစခန်းကို ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းမှုမှာ စစ်သား ၁၆ယောက်သေ၊ လက်နက်ချအညံ့ခံကာနီးမှာ စစ်ကူရောက်လာလို့ အောင်မြင်စွာဆုတ်ခွာလာလို့ဆို

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းပေါ်က ပန်းတိုင်းခြုံရွာက စစ်အုပ်စုတပ်စွဲထားတဲ့ စခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ BNRA (ဗမာအမျိုးသား တော်လှန်ရေး တပ်တော် )ရဲ့ ကိုမင်းရန်မာန်ကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ရက်နေ့ ညနေ၄နာရီ၆မိနစ်ခန့်က စစ်အုပ်စုတပ်စွဲထားတဲ့ ပန်းတိုင်းခြုံစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ကြောင်း၃ကြောင်းခွဲဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က ၁၆ယောက်သေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

“ခွေး၁၆ကောင်သေတယ်။ စခန်းသိမ်းပိုက်နိုင်ဖို့ လက်တကမ်းအလိုမှာ ပခုက္ကူတပ်မ၁၀၁ကခွေး စစ်ကူလာလို့ ကျနော်တို့ပြန်ဆုတ်ခဲ့ရတာပါ”လို့ BNRAကကိုမင်းရန်မာန်ကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော်တွေက ဗျူဟာကျ သတ်မှတ်ထားသော နေရာသို့ ရဲရဲဝံ့ဝံ့ ဝင်ရောက်နေရာယူကာ M9၊ ၄၀မမ၊ အာပီဂျီ၊ စက်လက်၊ အော်တိုမောင်းပြန်များဖြင့် တိုက်ခိုက်ခဲ့ပြီး ပွဲကြာချိန်၁နာရီခွဲအတွင်းမှာ ဘန်ကာ အထိုင် ၄ ခုကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အထိနာသွားတဲ့ စစ်အုပ်စုတပ်ကို “လက်နက်ချပါ၊ပြည်သူ့ရင်ခွင်ဆီ ပြန်လာပါ” ဟု စည်းရုံးခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ချ ပူးပေါင်းမည်ဟု အကြောင်းပြန်သောကြောင့် အပစ်ရပ်ခဲ့ကာ လက်နက်ချမည့် စကစ တပ်သားများ ထွက်လာစဉ် လက်နက်မချလိုသော စကစ တပ်သားမှ စတင်ပစ်ခတ်သဖြင့် အပြန်အလှန် ပ၊စ်ခတ်မှု ထပ်မံဖြစ်ခဲ့သေးတယ်လို့ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်သား၁၆ယောက်သေ၊ ၅ယောက်စခန်းစွန့်ခွာထွက်ပြေးသွားကာ ကျန်စစ်သားတွေက ဘန်ကာတခုထဲကနေ ခုခံပစ်ခတ်နေသလို ပခုက္ကူတပ်မ၁၀၁ကစစ်ကူလာလို့ ပြန်ဆုတ်ခဲ့တာလို့ဆိုပါတယ်။

BNRA (ဗမာအမျိုးသား တော်လှန်ရေး တပ်တော်) မှ ဦးဆောင်ပြီး Southern YSO PDF နှင့် Yesagyo Revolution Group (YRG) မဟာမိတ်အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး BNRA တော်ဝင်နဂါးစစ်ကြောင်းမှ ရဲဘော်တစ်ဦး မျက်နှာကျည်ရှပ်ထိ ဒဏ်ရာရပြီး အသက်အန္တရာယ် မစိုးရိမ်ရရရှိခဲ့တယ်လို့သိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top