မအလ ဓာတုတွေထပ်သုံးပြန်ပီ

ရှမ်းပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတို့မှ ဓာတု(အဆိပ်)ဗုံးများကို ထပ်မံအသုံးပြု

၂၃ ရက်နေ့ ညနေ (၁၅း၁၈)နာရီတွင် စစ်ကောင်စီတို့မှ MNDAA သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းထဲသို့ ဓာတု (အဆိပ်)ဗုံး (၄)လုံးလာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် MNDAA တပ်ဖွဲ့တွင်တစ်ချို့ မှ အဆိပ်များရှူမိပြီး ခေါင်းမူးခြင်း၊ အော့အန်ခြင်းများ ဖြစ်ခဲ့ရပါသည်။

“၁၀.၂၇” စစ်ဆင်ရေးကာလအတွင်း၌ စစ်ကောင်စီတို့မှ တပ်စခန်း (၂၀၀)နီးပါး နှင့် မြို့နယ် (၉) ခု ကို လက်လွတ်ဆုံးရှုံးခဲ့ရတဲ့အတွက်ကြောင့် ဓာတုလက်နက်များဆိုင်ရာသဘောတူညီချက်ကိုချိုး ဖောက်ပြီး ဓာတုဗုံးများဖြင့် လက်နက်တိုင်တော်လှန်‌ရေးအဖွဲ့အစည်းများအပေါ် (၃) ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

၁၈ ရက်နေ့တွင် TNLA သိမ်းပိုက်ထားသော တပ်စခန်းတစ်ခုသို့ ဓာတုဗုံးများလာ‌ရောက်ပစ်ခတ် ခဲ့ခြင်းကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး အဆိပ်မိခဲ့ရပါသည်။
ထို့အတူ ၁၄ ရက်နေ့တွင်လည်း TNLA မှ လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း ဝင်ရောက်သိမ်းပိုက် ချိန်တွင် စစ်ကောင်စီတို့မှ ဓာတုဗုံးများဖြင့် တိုက်ခိုက်ခဲ့ပါသည်။

Photo- ဓာတုဗုံးပေါက်ကွဲပြီး အဆိပ်ငွေ့များ ပြန့်ကျဲနေပုံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *