ဘုန်းဘုန်း ဝါသဝ, ဝါသဝ ဘုန်းဘုန်း အဟစ်ဟစ်ဟစ် အုန်း အုန်း အုန်း🤣

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အောင်သာကျေးရွာပျူစောထီး စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်သား ၁ ဦးနှင့် ပျူစောထီး ၆ ဦးအရှင်ဖမ်းမိကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်

အဆိုပါပျူစခန်းက ဦးဝါသာဝရဲ့ ပျူအများအပြားကတော့ ကျဆုံးမှု့အများဆုံးဖြစ်တယ်လို့လည်းသိထားရပါတယ်

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်၍ ရေဦးမြို့နယ်၊ အောင်သာကျေးရွာပျူစောထီး စစ်စခန်းကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲအချိန်တွင် ပျူစောထီးစစ်စခန်းကို သိမ်းပိုက်လုနီးပါး ဖြစ်ခဲ့ ကြောင်း သိရှိရသည်

“တိုက်ပွဲဖြစ်ပွားချိန် ၁နာရီခွဲပဲ ကြာလိုက်တယ်။ စစ်ကောင်စီစခန်းကို သိမ်းနိုင်လိုက်တယ်။ တိုက်ပွဲအတွင်း ပျူစောထီးရွာက အိမ်တစ်လုံးမီးလောင်တယ်။

နောက်ပြီး စစ်သား ၁ ဦးနဲ့ ပျူစောထီး ၆ ဦးစုစုပေါင်း ၇ ဦးအရှင်ဖမ်းမိတယ်။ ပျူစောထီးရွာက အမျိုးသမီးတွေ အကုန်လုံးကိုဝော့ ပြန်လွှတ်ပေးလိုက်တယ် ။ တိုက်ပွဲအတွင်း စစ်သားအလောင်းက အတိအကျပြောလို့မရသေးဘူး။ ထွက်ပြေးတဲ့သူတွေကိုလည်း အခုလိုက်ဖမ်းနေတယ်။

အောင်သာရွာ ပျူစောထီးခေါင်းဆောင် အောင်နိုင်ထွန်းကတော့ ကန့်ဘလူမြို့နယ် ကာဘိုးဘက်ကို ထွက်ပြေးလွတ်မြောက်သွားတယ်။ အဲဒီလိုစခန်းသိမ်းပြီး ကျနော်တို့ ရှင်းလင်းရေးဝင်လုပ်နေတဲ့အချိန် မနက် ၉ နာရီ လောက်မှာ နမခကနေ Mi35 ရဟတ်ယာဉ်နဲ့ လာပစ် ခတ်သေးတယ်။

ရဟတ်ယာဉ်နဲ့ ပစ်တာက အိုင်ပေါင်းချောင် နဲ့အောင်သာယာရွာအကြား ထန်းတောနား ၂ လုံးပစ်သွား တယ်။ ထိခိုက်မှုကတော့ မသိရသေးဘူး။ ဒီနေ့တိုက်ပွဲကတော့ စစ်ကောင်စီတပ်ရဲ့ ကာဘိုင် သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့တယ်။ ကျနော်တို့ ဘက်က ၃ ဦး ဒဏ်ရာရရှိတယ်” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့က ပြောဆိုသည်။

ယင်းနောက် ရေဦးမြို့မှ ကား၃စီးဖြင့် စစ်ကူလာနေပြီး အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် လေးရွာကိုရောက်ရှိနေကြောင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးဘက်မှလည်း စစ်ကူလာနေကြောင်း၊ ထို့ကြောင့် ဒေသ ပြည်သူ ထောင်ချီ၍ အရေးပေါ် တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ပျူစောထီးကျေးရွာ စခန်းသိမ်း တိုက်ပွဲကို PLAအဖွဲ့၊ BNRA ခင်ဦးတပ်ခွဲ၊ 96 Soldiers အဖွဲ့နှင့် ဒေသခံ LPDFအဖွဲ့စုံပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *