လောက်ကိုင်ကို ဆက်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုနေ၍ အထူးဂရုပြုရန် MNDAA သတိပေး
စစ်ကောင်စီက လူမဆန်သောလုပ်ရပ်နှင့် ကြမ်းတမ်းသောလုပ်ရပ်များလုပ်ဆောင်နေ၍ လောက်ကိုင်ဒေသမှ ဒုက္ခသည်များသည် စစ်ကောင်စီ၏ လူသားဒိုင်းကာမဖြစ်စေရန် အထူးဂရုပြုသတိထားရမည်ဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတိပေးထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၉ ရက်တွင် MNDAA စစ်ရေးကော်မတီမှ လောက်ကိုင်ဒေသရှိပြင်ပလူထုများအား စစ်မြေပြင်မှ လျင်မြန်စွာထွက်ခွာရန် အသိပေးထုတ်ပြန်ခဲ့ရာ လောက်ကိုင်ဒေသရှိ ပြင်ပလူထုနှင့် ဗမာလူမျိုးဒုက္ခသည် များလည်း လျင်မြန်စွာ ထွက်ခွာခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ရုပ်သေးအဖွဲ့သည် လောက်ကိုင်ဒေသကိုဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် လမ်းကြောင်းများကို ဖျက်ဆီးခဲ့ပြီး ဒေသခံများအားမြို့ထဲတွင် ပိတ်ဆို့စေခဲ့ကြောင်း ဖော်ပြသည်။
နောက်တစ်နည်းအားဖြင့် ထွက်ပြေးတိမ်းရှောင် သော ဒုက္ခသည်များကို လူသားဒိုင်းကာလုပ်၍ ရှေ့ကသွားစေပြီး စစ်ကောင်စီတပ်က နောက်ကနေရုပ်ဖြတ် ပြီးလိုက်ပါကာ MNDAAကို တန်ပြန်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သည် ထုတ်ပြန်ချက်၌ ပါရှိသည်။
ထို့ပြင် လောက်ကိုင်မြို့တွင် ဗမာဒုက္ခသည်ယာဉ် တစ်စီးအား စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ် အပါအဝင် ကားပေါ်ရှိ ဒုက္ခသည် ၁၄ဦးလုံး သေဆုံးခဲ့ရကြောင်း၊ ယင်းဖြစ်ရပ်တွင် စစ်ကောင်စီ၏ ကြမ်းတမ်း ရက်စက် မှုနှင့် လူမဆန်မှုများကို တွေ့မြင်နိုင်ကြောင်း MNDAAက ထုတ်ပြန်သည်။
MNDAA က လမ်းကြောင်းဖွင့်ပြီး ပိတ်ဆို့ခံနေရသော ဒုက္ခသည်များကို ချင်းရွှေဟော်ဒေသဘက်သို့ ကယ်ထုတ်နေချိန်တွင် စစ်ကောင်စီနှင့် ကိုးကန့်ရုပ်သေးအဖွဲ့(ပယ်စောင့်ချိန်) တို့က ဒုက္ခသည်ကို လူသားဒိုင်းအဖြင့် အသုံးပြုကာ လောက်ကိုင်တုန်းချိန်ဒေသ လေးမျက်နှာစေတီကုန်းပေါ်ရှိ MNDAAကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်တွင် MNDAAမှ အပြစ်မဲ့ပြည်သူများထိခိုက်မှု၊ကျဆုံးမှုများမရှိစေရန်အတွက် ခုခံတိုက်ခိုက်ခဲ့ခြင်းမရှိခဲ့၍ တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။
MNDAA အနေဖြင့် နိုဝင်ဘာ ၂၂ ရက်မှ၂၃ ရက်အထိ လောက်ကိုင်ဒေသရှိ စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ ၃၀၀၀ ကျော်ကို ချင်းရွှေဟော်ဒေသမှတစ်ဆင့် လုံခြုံဘေးကင်းသည့်နေရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။
MNDAA မှ ရှေ့တန်းအရာရှိရဲဘော်များသည်လည်း လုံခြုံရေးအရ ဒုက္ခသည်တို့ကို သေချာစွာစိစစ်ရန်နှင့် စစ်ကောင်စီများမပါလာရေး အထူးဂရုစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း MNDAAက ထုတ်ပြန်ခဲ့သည်။
လူသားမဆန်သော စစ်ကောင်စီတို့မှ မိမိတို့ကိုးကန့်တိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှုအမွေ အနှစ်များ၊ ဘာသာရေးအဆေက်အအုံများကို ဖျက်ဆီးခဲ့
၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် စစ်ကောင်စီတို့သည် ကိုးကန့်နယ်မြေအတွင်းတောင်ကုန်းများပေါ် ရှိ ကိုးကန့်တိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှုအမွေအနှစ်များ နှင့် ဘာသာရေးကျောင်းများကို ဖျက်ဆီးခဲ့ပြီး တပ်စခန်းများတည်ဆောက်ခဲ့ကြပါသည်။
လက်ရှိထုတ်ပြန်ထားသော ဗီဒီယိုသည် စစ်ကောင်စီတို့မှ ရင်းရှင်းတောင်ကုန်းနတ်ပူဇော်ရေး ကျောင်း၏ တံခါးများကိုဖျက်ဆီးခြင်း၊ နတ်ရုပ်ထုများကို ဖျက်ဆီးခြင်း၊ အမွေးတိုင်အိုးများ ရိုက်ခွဲခြင်း၊ စစ်ကတုတ်ကျင်းတူးခြင်း စသည့် မိမိတို့တိုင်းရင်းသားရိုးရာယဥ်ကျေးမှု နှင့် ဘာသာရေးကို လုံးဝအလေးမထား၊ အရေးမစိုက်သည့်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း သက်သေပြနေပါသည်။
Leave a Reply