လေယာဉ်ကွင်း တည်ဆောက်နေသည့် လိုင်လင်းပီမြို့မှ အဓိက စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

ချင်းပြည်နယ်တွင် ရိဒ်ခေါဒါရ်မြို့ပြီးလျှင် လိုင်လင်းပီမြို့သည် ဒုတိယမြောက်သိမ်းပိုက်ရရှိသော မြို့ဖြစ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့မှ စစ်ကောင်စီ၏ အဓိက စစ်စခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိကြောင်း CNA မှ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကအတည်ပြု သည်။

CNA နှင့် ချင်းတော်လှန်ရေး တပ်ပေါင်းစုက လိုင်လင်းပီ စစ်ကောင်စီစခန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်တိုက်ခိက်ခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လိုင်လင်းပီမှာ စစ်ကောင်စီစခန်းကြီးတစ်ခုပဲ အဓိကရှိတာ။ အဲဒီစခန်းရပြီဆိုတော့ မြို့က ခပ်သေးသေးဆိုတော့ မြို့သိမ်းလို့ရပြီလို့ ပြောလို့ရတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လိုင်းလင်းပီ စစ်ကောင်စီတပ်စခန်းကို CNA၊ CDF-Mara၊ CDF -Matupi၊ CDF-Lautu နှင့် CDF -Zophei ပူးပေါင်းတပ်ဖွဲ့က ပိုက်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြာင်းပစ်ကူများ ၄ရက်ကြာ တန်ပြန်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်များက ပထမဆုံးမြို့အဖြစ် သိမ်းပိုက်ရရှိခဲ့ပြီးနောက် လိုင်လင်းပီမြို့သည် ဒုတိယမြောက်သိမ်းပိုက်နိုင်သော မြို့ဖြစ်ကြောင်း သိရှိရသည်။

လိုင်လင်းပီမြို့တွင် လေယာဉ်ကွင်းငယ်တစ်ခု တည်ဆောက်လျက်ရှိပြီး ယင်းလေယာဉ်ကွင်းကို NLD အစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

လိုင်လင်းပီမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်များ အလံဖြူထောင်၍ စခန်းစွန့်ခွာထွက်ပြေး

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် မတူပီခရိုင်၊ လိုင်လင်းပီမြို့ကို ချင်းအမျိုးသား တပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တို့က ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အပြီးသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

အလံဖြူထောင်ပြီးတော့ မနက်စောစောမှာ စက်လှေနဲ့ အကုန်ထွက်ပြေးကြတာ။ စခန်းထဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ အလောင်းတလောင်းတွေ့တယ်။ အခုနယ် မြေရှင်းလင်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ် ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

လိုင်လင်းပီမြို့ကို ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ် ရေးတပ်ဖွဲ့(မရာ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)၊ ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ)နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့(လောက်တူ)တို့က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းကို ပိတ်ဆို့ရာမှ ယနေ့ နံနက်ပိုင်းတွင် အလွယ်တကူ သိမ်းပိုက်နိုင်ခြင်းဖြစ် သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *