အမျိုးသမီး ၈၆ ယောက်ကိုသတ်ခဲ့တဲ့ ရုရှားအရက်စက်ဆုံး မုဒိမ်းလူသတ်သမားကို ပူတင်လွှတ်ပေးပြီး ယူကရိန်းစစ်ထဲ ထည့်ဖို့ စီစဉ်

အသက် ၁၈ နှစ်ကနေ ၅၀ အကြားအမျိုးသမီး ၈၆ ယောက်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထားပြီးဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အရက်စက်ဆုံး ကွင်းဆက်မုဒိမ်းလူသတ်သမားကို ပူတင်က လွှတ်ပေးပြီး ယူကရိန်းစစ်ပွဲမှာ စစ်မှုထမ်းခိုင်းဖို့ စီစဉ်နေပြီဖြစ် ကြောင်း The Sun သတင်းစာက ထုတ်ဖော်ရေးသားခဲ့ပါတယ်။

Warewolf လို့ ခေါ်ဆိုကြသလို သူနေထိုင်ခဲ့တဲ့ ဇာတိမြို့မှာ အန်ဂက်ရှ်မားနီးယက်စ် (Angarsk Maniac) လို့ စက်ဆုတ်ရွံရှာစွာခေါ်ဝေါ်ခံရတဲ့ ရဲအရာရှိဟောင်း မီခေးလ်ပေါ့ကော့ဗ်ဟာ အသက် ၅၉ နှစ်ရှိပြီဖြစ်ပြီး ဝန်ခံခဲ့ပြီး တဲ့ မုဒိမ်းကျင့်လူသတ်မှုတွေကြောင့် တစ်သက်တစ်ကျွန်း ၂ ကြိမ်ထောင်ဒဏ်အပြင် ထပ်တိုးထောင်ဒဏ် ၉ နှစ် ကျခံထားရသူဖြစ်ပါတယ်။

အခုနောက်ဆုံး အမျိုးသမီး ၃ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း ထပ်ဝန်ခံလိုက်လို့ ထောင်ဒဏ် ၁၀ နှစ်ထပ်တိုးသွားချိန်မှာ ယူကရိန်းစစ်ပွဲအတွက် မုဒိမ်းကောင်၊ ကွင်းစက်လူသတ်သမားတွေကို ၆ လ စစ်မှူးထမ်းပြီးလို့မသေရင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီး ခေါ်ယူစုဆောင်းနေတဲ့ ပူတင်ဟာ ပေါ့ကော့ဗ် ကိုလည်း ဒီအတိုင်း ၆ လစစ်မှူးထမ်းစေဖို့ ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

ပေါ့ကော့ဗ်ဟာ မကြာသေးမီက ရုရှားနိုင်ငံပိုင်ရုပ်သံနဲ့ အင်တာဗျူးတောင်လုပ်ခဲ့ပြီး ထောင်ထဲမှာ နေရတာထက် စစ်မှုထမ်းပြီး တိုက်ပွဲဝင်ခြင်းက သူ့ကျွမ်းကျင်မှုတွေကို ပိုပြီး မြင့်တက်စေတာမို့ စစ်မှုထမ်းချင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သူဖြစ်ပါတယ်။

လူသတ်ရခြင်းကို ရူးသွပ်တဲ့ စိတ်ဝေဒနာရှင် ပေါ့ကော့ဗ် သတ်ခဲ့တဲ့ ၈၆ ယောက်ထဲမှာ အများစုကို မုဒိမ်းကျင့်ပြီးမှ သတ်တာဖြစ်သလို သတ်ဖြတ်ရာမှာလည်း ပုဆိန်၊ တူ၊ ဓား၊ ဝက်အူလှည့်တွေနဲ့ အချက် ပေါင်းများစွာ ထိုးသတ်၊ ထုသတ်တာဖြစ်ပြီး အလောင်းတွေကို မီးရှို့ဖျောက်ဖျက်ထားတာလည်း မနည်းမနောရှိလို့ တကယ်တမ်းသူသတ်ခဲ့သူပေါင်းဟာ အယောက် ၂၀၀ ကျော်ရှိမယ်လို့ ရုရှားရဲတွေက ယုံကြည်ထားပါတယ်။

ပိုကော့ဗ်ဟာ ကိုဗစ်ကာလတုန်းက ထောင်ထဲမှာ Face Mask တွေ လုပ်သူအဖြစ် ခိုင်းစေခံရစဉ်မှာ သေဒဏ်ပေးလိုက်တာကမှ ပိုကောင်းဦးမယ်လို့ ပြောဆိုခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၉၆ ခုနှစ်ကတည်းက ရုရှား နိုင်ငံဟာ သေဒဏ်ပေးခြင်းကို ဆိုင်းငံခဲ့ပြီး အာဏာရှင် အသုံးတော်ခံတွေအဖြစ် လူမှုဘဝထဲ ပြန်ဝင်ခွင့်ရှိကောင်း ရှိတယ်ဆိုတဲ့ မူကို လက်ကိုင်ထားပြီး အရက်စက်ဆုံးနဲ့ လူ့ပတ်ဝန်းကျင်အတွက် အန္တရာယ်များလွန်းတဲ့ လူသတ် မုဒိမ်းကောင်တွေကိုပါ မသတ်ဘဲ အကျဉ်းချထားတာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *