ကလောသွားမယ့်သူတွေ သတိပါ

ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအားလုံး၏ ဓာတ်ပုံမှတ်တမ်းနှင့်အချက်အလက်များ ရဲစခန်းနှင့်စစ်တပ်ထံသို့ ပေးပို့ရန် ဟိုတယ်များကို အမိန့်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအား ဓာတ်ပုံမှတ်တမ်း နှင့်ကိုယ်ရေးအချက်အလက်များကို စာရင်းပို့ ပေးရမည်ဟု ရဲစခန်းနှင့်စစ်တပ်က ဟိုတယ်များကို ဖိအားပေးခြိမ်းခြောက်နေကြောင်း ဟိုတယ်လုပ်ငန်းရှင်များ က ပြောကြားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှစ၍ လကုန်အထိ ကလောမြို့သို့ လာရောက်တည်းခိုသည့် ဧည့်သည်များကို ဓာတ်ပုံမှတ်တမ်းယူကာ သက်ဆိုင်ရာ ရဲစခန်းနှင့်စစ်တပ်သို့ Memory Stick သို့မဟုတ် CD သို့မဟုတ် Viber မှ တင်ပြ ရန်ကြားထားကြောင်း၊

ဟိုတယ်လုပ်ငန်းရှင်များက အဆင်မပြေနိုင်သဖြင့် ပြန်လည် စဉ်းစား ပေးရန် မေတ္တာရပ်ခံသော်လည်း အထက်အမိန့်အရဟု ဆိုကာ ဖိအားပေးပြီး မဖြစ်မနေ ဆောင်ရွက် ပေးရန် ပြောဆိုကြောင်း သိရသည်။

“နိုဝင်ဘာလ ၁၅ ရက်နေ့က Green Haven Hotel မှာ လုပ်သွားတဲ့ အစည်းအဝေးမှာ ပြောသွားတာ၊ အခုလ ၂၀ ရက်နေ့ကနေ လကုန်အထိ ကလောမြို့မှာ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေကို ဓာတ်ပုံ မှတ်တမ်းရိုက်ယူပြီး သက် ဆိုင်ရာ ရဲစခန်းကို တင်ပြရမယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေကို ညွှန်ကြား ထားတယ်၊

ဟိုတယ်လုပ်ငန်းရှင်တွေက အဆင်မပြေနိုင်လို့ ပြန်လည် စဉ်းစားပေးပါလို့ မေတ္တာရပ်ခံပေ မယ့် အထက်အမိန့်အရ ဆိုပြီး မဖြစ်မနေဆောင်ရွက်ပေးဖို့ ဖိအားပေးပြောလိုက်တယ်” ဟု ဟိုတယ် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ကလောမြို့၏ ခရီးသွားလုပ်ငန်းများပါ ထိခိုက်မည့်အပြင် ဧည့်သည်များ လာရောက် လျော့ကျနိုင်ကြောင်း ကလောမြို့မှ ဟိုတယ်လုပ်ငန်းများက တညီတညွတ်တည်းပြောဆိုကြသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top