စစ်ကိုင်းမြို့ပေါ်ထိ ရောက်လာပြီ (ရုပ်သံ)

စစ်ကိုင်းမြို့ စစ်ကောင်စီဌာနဆိုင်ရာများ စည်းဝေးခန်းမကို မီးရှို့ဖောက်ခွဲ ဖျက်ဆီး

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဝန်း အလယ်ခေါင်ရှိ စစ်ကောင်စီဌာနဆိုင်ရာများ အစည်းအဝေးပြုလုပ်ရာခန်းမကို မီးရှို့ပြီး မိုင်းခွဲဖျက်ဆီး လိုက်ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ယနေ့ နိုဝင်ဘာလ ၂၄ရက် တွင် ရုပ်သံနှင့်တကွ ထုတ်ပြန်သည်။

ခရိုင်စိုက်ပျိုးရေးရုံးနှင့် ၎င်းရုံးအလယ်ခေါင်တွင်ရှိသော ဇေယျာခန်းမကို နိုဝင်ဘာလ ၂၃ရက် ညနေ ၆ နာရီအချိန်တွင် ဝင်ရောက်မီးရှို့ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

“စစ်ကိုင်းတိုင်း စစ်ကောင်စီခန့် ဝန်ကြီးချုပ်နဲ့ ဗဟိုက ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာရဲ့ ဘယ်ဝန်ကြီးတွေပဲလာလာ အဲဒီခန်းမကိုပဲအဆုံးပြုပြီးဆောင်ရွက်ကြတာ ။ အဲဒါကြောင့် သူတို့ရဲ့ ယန္တရားလည်ပတ်ရေး ဆောင်ရွက်နေတာတွေ မလုပ်နိုင်အောင် ဖောက်ခွဲဖျက်ဆီးခဲ့တာပါ” ဟု PAFD အဖွဲ့ခေါင်းဆောင် တေဇ က ပြောသည်။

စိုက်ပျိုးရေးဌာနဖြစ်သောကြောင့် လူများမသိရှိနိုင်ဟု ယူဆပြီး ၎င်းဝင်းအတွင်း စစ်ကောင်စီတပ်က အရာရှိများအစည်းဝေးလုပ်လေ့ရှိသောကြောင့် ယင်းနေရာ ကို စောင့်ကြည့်နေခဲ့ပြီး ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ ခန်းမကို ပေါက်ကွဲအားပြင်းသည့် မိုင်းဖြင့်ဖောက်ခွဲခဲ့ခြင်းဖြစ်သဖြင့် တော်တော်များများပျက်စီးပြီး အတွင်းထဲအထိလှိုက်လောင်ကျွမ်းခဲ့ကာ ပြိုကျလုနီးပါး ဖြစ်သွားကြောင်းသိရသည်။

ယင်းခရိုင်ရုံးပတ်လည်တွင် တိုင်းအရန်ရဲတပ်ခွဲရုံး ၊ ခရိုင်မီးသတ်ရုံး ၊ မြို့နယ် – ခရိုင် စက်မှုလယ်ယာရုံးများ ရှိသောကြောင့် လုံခြုံရေးတင်းကျပ်သည့်ကြားမှ တော်လှန် ရေးရဲဘော်များ စွန့်စား၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြ သည်။

ယင်းသို့ဖောက်ခွဲမီးရှို့ပြီး ငါးမိနစ်အကြာ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး သေနတ်များ ရမ်းသန်းပစ်ဖောက်ခဲ့ကြောင်း ကာကွယ်ရေးခေါင်းဆောင်က ပြောသည်။

စစ်ကိုင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများ အသုံးပြုရာ ခန်းမကို မီးရှို့မိုင်းခွဲ ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးရုံးဝန်းအလယ်ခေါင်ရှိ စစ်ကောင်စီဌာနဆိုင်ရာများ အစည်း အဝေးပြုလုပ်ရာခန်းမကို မီးရှို့ပြီး မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့ တပ်ဖွဲ့ – PAFD မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့၊ ခရိုင် စိုက်ပျိုးရေးရုံး၊ ရုံးဝန်းအတွင်း အလယ်ခေါင်ရှိ စစ်ကောင်စီဌာနဆိုင်ရာအရာရှိကြီးများ အစည်းအဝေးပြုလုပ်ရာ ခန်းမကို ဝင်ရောက်ပြီး မီးရှို့ကာ မို- င်းဆ- င်ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း၊

ယင်းခန်းမ၏ ပတ်ပတ်လည်တွင် တိုင်းအရန် ရဲ တပ်ခွဲရုံး၊ ခရိုင် မီးသတ်ရုံး၊ ခရိုင်မြို့နယ်စက်မှုလယ်ယာရုံးများရှိပြီး တော်လှန်ရေးရဲဘော်များမှ စွန့်စွန့် စားစားဝင်ရောက်ကာ ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်

“အဲဒီခရိုင် စိုက်ပျိုးရေးရုံးက ကျယ်တယ်၊ အဲဒီအလယ်ခေါင်တည့်တည့်မှာ ခန်းမအကြီးကြီး လုပ်ထား တာ၊ အဲဒီခန်းမက စစ်ကောင်စီ ဘယ်ဝန်ကြီးပဲ လာလာ ၊ ဌာနဆိုင်ရာဘယ်သူပဲ လာလာ အဲဒီခန်းမထဲ မှာ ပွဲကျင်းပတာ၊ လုပ်ငန်း အစီအစဉ်တွေ ဆွေးနွေးအကောင်အထည်ဖော်တာ၊

ဘာပွဲပဲ ကျင်းပ ကျင်းပ ဒီခန်းမကြီးပဲ အသုံးပြုကြာတာပေါ့၊ ဒီခန်းမထဲကို စောစောပိုင်းက မြထွန်းဦးတောင်လာဖူးတယ်လို့ သတင်းကြားတယ်၊ ဒီခန်းမကြီးက ပိတ်ကို မပိတ်ရဘူး၊ ဟိုဝန်ကြီးလာလိုက်၊ ဒီဝန်ကြီးလာလိုက်နဲ့၊

အဲလို မျိုးကြမို့ မနေ့က ညနေ ၆ နာရီမှ မီးအရင်ဝင်ရှို့တယ်၊ မီးရှို့ပြီးတော့ အဆောက်အအုံကြီး မိုင်းနဲ့ ဖောက် ခွဲ ပစ်တာ၊ ပျက်စီးသွားပြီ” ဟု အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့ တပ်ဖွဲ့ – PAFD မှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်

အဆိုပါ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုကို အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ – PAFD ရဲ ဘော် များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိုင်းခွဲဖျက်ဆီးပြီး ၅ မိနစ်ခန့်အကြာမှ အကြမ်းဖက်စစ်ကောင်စီတပ်သား များရောက်ရှိလာကာ တစ်ညလုံးရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *