ပေါက်ခေါင်းမှာ ပျူစောထီးခေါင်းဆောင်ဆိုသူတဦး ရှင်းလင်းခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်ဆိုသူတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းအုပ်စု၊ ကြို့ပင်ဝိုင်းရွာက ပျူစောထီးခေါင်းဆောင် ကိုစိုးမြင့်ကို သူရဲ့နေအိမ်မှာ နိုဝင်ဘာ ၂၄ ရက် မနေ့ည ၈ နာရီကျော်မှာ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ ကသေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

“ အချက်ရေကတော့ တော်တော်များတယ်။ ဘယ်နှစ်ချက်မှန်းကို မမှတ်မိဘူး။ ပွဲချင်းပြီးသေသွားပါတယ် “လို့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် အလောင်းကို အဲ့ဒီည ၁၂ နာရီလောက်မှာ ပေါက်ခေါင်းမြို့နယ်၊ အင်ငါးဂွရွာ စစ်ကောင်စီဂိတ်မှစစ်သား‌တွေက ဆိုင်ကယ် ၇ စီး အင်အား ၁၄ ဦးနဲ့ လာစစ်ချိန်မှာလည်း အဲ့ဒီစစ်အုပ်စုကို ကြို့ပင်ဝိုင်းရွာနဲ့ သစ်ရောင်းပြန်ရွာကြားမှာ ပဒေသာမိုင်း ၅ လုံးနဲ့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က စစ်သား ၆ ဦးနဲ့ ရဲ ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၇ ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ အင်ငါးဂွအုပ်ချုပ်ရေးမှူးကို ပြည်ခရိုင်တပ်ရင်း ၃၆၀၁ တပ်ခွဲ ၅ က ပေါက်ခေါင်း – ပြည်လမ်းမဘေးမှာ သေနတ်နဲ့ ပစ်သတ်ရှင်းလင်းခဲ့ပါသေးတယ်။

ပုံစာ – သေဆုံးနေသည့် ကိုစိုးမြင့် အလောင်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *