တရုတ်ပြည်မှ သက်တံ့ဂူ

တရုတ်ပြည်မှ သက်တံ့ဂူ

နှစ်ထောင်ကျော် လစ်ဟာနေခဲ့သော Reed Fleet Cave

Reed Fleet လို့အမည်ရတဲ့ ဂူဟာ တရုတ်နိုင်ငံ Guilin မြို့မှာ တည်ရှိပါတယ်။ ဂူနံရံနှင့် မျက်နှာကြတ်များ တစ်လျှောက်မှာ နှင်းမှုန်ကဲ့သို့ ပျိုးပျိုးပြက်ပြက် အမှုန်လေးများက တဖိတ်ဖိတ် တောက်ပနေပါတယ်။ မြေအောက်ရေများက ဂူတစ်လျှောက် တစ်သွင်သွင် စီးဆင်းနေကာ အဆိုပါမြစ်ရေမှ အရောင်ပြန်ပြီး ဂူတစ်ခုလုံးရဲ့ အလှကို ကွပ်ကွပ်ကွင်းကွင်း ထင်ပေါ်စေပါတယ်။

၎င်းဂူနဲ့ ပုံစံတူကို ကမ္ဘာရဲ့ ဘယ်နေရာမှာမှ နောက်ထပ်တွေ့နိုင်မည် မဟုတ်ပါ။ ထူးခြားတဲ့ဖွဲ့စည်းပုံနှင့် အသွင်အပြင်များက ဒဏ္ဍာရီဆန်လွန်းလှပါတယ်။ ဂူထဲက ထွက်သည်နှင့် ပုလွေပြုလုပ်ရာမှာ အသုံးပြုကြတဲ့ ကျူပင်‌တွေကို တစ်စုတစ်စည်းထဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထို့အပြင် တရုတ်ဘုံကျောင်းတစ်ခုလဲ တည်ရှိနေပြီး စစ်မှန်တဲ့ သဘာဝ အနုပညာ စစ်စစ်ကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

ဂူထဲကို ခေတ်အဆက်ဆက် လူသားမျိုးနွယ်များ ရောက်ရှိခဲ့ပြီး အမှတ်အသားပြု ကမ္ဗည်းများ၊ ကဗျာများကိုလဲ ရေးဆွဲထားခဲ့ကြပါတယ်။ တန်မင်းဆက် (၇၉၂ အေဒီ) လောက်ထိကို သွားလာမှုများရှိခဲ့ပြီး တရုတ်ပြည်မှ ဂျပန်တပ်များ ပြန်လည်ထွက်ခွာသွားပြီးနောက် နှစ်တစ်ထောင်ကျော်ကြာ လစ်ဟာနေခဲ့ပြီး 1940 ခုနှစ်တွင် ပြန်လည်ရှာဖွေ တူးဖော်မှုများပြုသော လူငယ်တစ်စုကြောင့် အဆိုပါ ဂူကို တရားဝင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top