တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များအား တာဝေးပစ် နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ တောပုပျူစောထီးကျေးရွာ၌ ကင်းစောင့်ရင်း သောက်စားနေသော ပျူစောထီးများအား အမျိုးသမီးရဲဘော်များပါဝင်သော PDFများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area71PDF Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၂၇ ရက် ည ၇ နာရီကျော်က လက်လုပ်(၆၀)မမ တာဝေးပစ်များဖြင့် ၁၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area71PDF Monywa အဖွဲ့က အသိပေးသည်။

“ထိတာတော့ ထိမှာ။ တာဝေးပစ်နဲ့ဆိုတော့ ည စစ်ဆင်ရေးလည်း ဖြစ်တာလည်း တစ်ကြောင်း ဆိုတော့ မမြင်ရဘူး။”ဟု Area71PDF Monywa အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်ခံရချိန် စစ်ကောင်စီက အနီးရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ လက်နက်ကြီးများပစ်ကူခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးကို Area71PDF Monywa ၏အမျိုးသမီး ရဲဘော်များနှင့် Youth Vigor Revlution Force၊ မုံရွာ ခရိုင်တပ်ရင်း(၁၁) တပ်ခွဲ(၃)Royal Alliance (RA)၊ ANYAR DEFENSE FORCE (ADF)၊ YOTH REVOLUTION DEFENCE FORCE စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၀ ရက်တွင် တောပုကျေးရွာမှ စစ်အုပ်စုသည် ပရစ်ကုန်း(မြောက်)ရွာသို့ နှစ်ကြိမ်ဝင်ရောက်ကာ နေအိမ်တစ်လုံးနှင့် ကြာဇံစက်ရုံ သုံးရုံအား မီးရှို့ဖျက်ဆီးခဲ့ပြီး စက်ရုံပိုင်ရှင်နှင့် အလုပ်သမား သုံးဦးအား သတ်ဖြတ်ခဲ့သည်။

တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များအား တာဝေးပစ် နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်အောက်ခံ ပျူစောထီးများကို ယမန့်နေ့ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း Area 71 Monywa PDF က ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။

Area 71 Monywa PDF ပြောခွင့်ရက ” ကျနော်တို့ဖက်က သွားပစ်တဲ့အချိန် စစ်တပ်က တော်တော်ကို ပြာယာခက်သွားကြတာ ၁၁/၂၇ စစ်ဆင်ရေး အသံလည်း ကြားထားပုံရတယ်။ ထုတာမှ တော်တော်ကို၊ ပြန်ထုတာ တစ်လုံးပဲ။ ကျနော်တို့နဲ့ မလှမ်းမကမ်းမှာ ကျတာ။ စွမ်းရည်ထက်က စစ်သားတွေကရော ကူပစ်ကြတာ တလွဲချည်းပဲ “ဟု ပြောဆိုခဲ့သည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောပုရွာရှိ အာဏာသိမ်းစစ်တပ်လက်အောက်ခံပျူစောထီးများကို လက်လုပ် ၆၀ မမ ရှော့တိုက်၊ ရှေ့ထွက် တာဝေးပစ်များဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စွမ်းရည်ထက်ဆီဆိုင်ရှိ အာဏာသိမ်းစစ်ကောင်စီစစ်သားများက အနီးပတ်ဝန်းကျင်များကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တောပု ကျေးရွာရှိ ဒေသခံတစ်ချို့က နေအိမ်မပြန်ရသည့်နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း Area 71 Monywa PDF ပြောဆိုထားပါသည်။

အထက်ပါစစ်ဆင်ရေးကို Area71PDF Monywa ၏အမျိုးသမီး ရဲဘော်များနှင့်အတူ Youth Vigor Revlution Force၊ မုံရွာ ခရိုင်တပ်ရင်း(၁၁) တပ်ခွဲ(၃)Royal Alliance (RA)၊ ANYAR DEFENSE FORCE (ADF)၊ YOTH REVOLUTION DEFENCE FORCE နှင့်မဟာမိတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *