တမူးမြို့နယ်၊ သနန်ကျေးရွာ အကျဉ်းစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ကသည်းလက်နက်ကိုင်ဌာန စခန်းကို သိမ်းပိုက်၊

အကျဉ်းစခန်းမှူး တစ်ဦးကို အရှင်ဖမ်းမိပြီး ထရပ်ကား ၃ စီးတိုက် လက်နက်ခဲယမ်း ပစ္စည်းများသိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ တမူးခရိုင် အထက်ပိုင်း၊ တမူးမြို့နယ်၊ သနန်ကျေးရွာရှိအကျဉ်းစခန်းနှင့် စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့ ဌာနချုပ်- UNLF/PLA ကို သိမ်းပိုက်ရရှိခဲ့ ကြောင်း ကူကီး အမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင် အကျဉ်းသားများအပေါ် ရက်စက်မှု၊ လူ့အခွင့်အရေး ချိုး ဖောက်မှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသော သနန်ကျေးရွာ အကျဉ်းစခန်းကို မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ရာ ည ၉ နာရီအချိန်ခန့်တွင် စခန်းကို သိမ်း ပိုက်နိုင်ခဲ့ပြီး သနန်အကျဉ်းစခန်း၏ စခန်းမှူးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သနန်ကျေးရွာနှင့် တုံဟဲကျေးရွာအကြားရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကသည်းလက်နက်ကိုင် ပူးပေါင်းတပ် UNLF/PLA ဌာနချုပ်စခန်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်း တပ်ဖွဲ့များမှ တိုက်ခိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သိမ်းပိုက်ရရှိနိုင်ခဲ့ပြီး ထရပ်ကား ၃ စီး တိုက်စာ လက်နက်ခဲယမ်းများနှင့် SNA ရှမ်းနီတပ်၏ အမှတ်အသားပါရှိ လက်မောင်းတံဆိပ်များကို သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကူကီး အမျိုးသားတပ်မတော် (မြန်မာပြည်) KNA-Burma တပ်ဖွဲ့နှင့် နှင့် PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သနန်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်ခန့်ပြုလုပ်ခဲ့ရာ ရွာလုံးကျွတ်မျှဘေးလွတ်ရာ တောထဲများသို့ ထွက် ပြေးခဲ့ရပြီး အခြား ရွာနီးချုပ်စပ် ဖိုင်လင်း၊ မန်တုံ၊ စေတီ၊ နန်းအောင်မော် ကျေးရွာများမှ ကလေး သူငယ် နှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူများမှာ နီးစပ်ရာ တောတောင်များနှင့် Indiaနိင်ငံ Manipur ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

ကသည်းလက်နက်ကိုင်များသည် ၂၀၂၀ ခုနှစ်မှစ၍ သနန်ကျေးရွာမှ ၂ မိုင်ခန့်အကွာ သနန် – တုံဟဲ ကျေးရွာအကြားတွင် အကြမ်းဖက်စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် အခြေစိုက်စခန်းချထားခဲ့ပြီး အပြန်အ လှန်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းချိန်မှစ၍ ကသည်းလက်နက်ကိုင် များက တမူးခရိုင်အထက်ပိုင်းရှိ စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြသူများကို အင်အားသုံးအကြမ်း ဖက်ဖြိုခွဲမှုများနှင့် တော်လှန်ရေးအင်အားစုများအား ဖိနှိပ်ရာတွင် ကူညီပေးခဲ့ကြောင်း ကူကီးအမျိုးသား တပ်မတော် (မြန်မာပြည်) KNA-Burma ၏ ထုတ်ပြန်ချက် အရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *