မောင်တောနယ်စပ်ကုန်သွယ်ရေးကားလမ်း နေရာအများစုကို ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားပြီ

မောင်တောနယ်စပ်ကုန်သွယ်ရေးအတွက်အလွန်အ ရေးပါတဲ့အငူမော်-မောင်တောကားလမ်းက နေရာအ များစုကို ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားပြီ လို့ စစ်ကောင်စီအသိုင်းအဝိုင်း၊နယ်ခြားစောင့်တွေနဲ့ဒေသခံပြည်သူတွေက အတည်ပြုပြောကြပါတယ်။

အဲဒီအငူမော်-မောင်တောကားလမ်းမပေါ်ရှိ ရသေ့တောင်မြို့နယ်က ဒုံးပိုက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော်(AA)မှပြီးခဲ့တဲ့နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီအပြင်အင်အားများတဲ့အထိုင်စခန်းကြီးချိန်ခါလိန်စခန်းကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးနောက် အငူမော်ဆိပ်ကမ်းအထိုင်စခန်းနဲ့တခြားစခန်းတွေကို စစ်ကောင်စီဘက်က ရုပ်သိမ်းထွက်ပြေးသွားခဲ့တယ်လို့
ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီကားလမ်းပေါ်ရှိ ဗောဓိကုန်းစစ်ဆေးရေးဂိတ်အ ထိုင်စခန်းကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၂၈ ရက်၊ဒီနေ့မနက်ကဝင်ရောက်တိုက်ခိုက်သိမ်းယူ ခဲ့ပါတယ်။

အဲဒါကြောင့်အငူမော်-မောင်တောကားလမ်းပေါ်မှာ အင်းဒင်စစ်ဆေးရေးဂိတ်တစ်ခုသာကျန်ပြီးနယ်စပ်ကုန်သွယ်ရေးကားလမ်းနေရာအများစုကို ရက္ခိုင့်တ ပ်တော်(AA)ကထိန်းချုပ်ထားပြီလို့ ဆိုကြပါတယ်။

”ခုက အငူမော်-မောင်တောကားလမ်းမှာအင်းဒင်စစ် ဆေးရေးဂိတ်တခုပဲကျန်တယ်။တခြားစစ်ဆေးရေးဂိတ်တွေကအသိမ်းခံရတယ်။ရုပ်သိမ်းလိုက်ရတယ် ။ဒီနေရာကလည်းတပ်ရင်းရှေ့မှာမို့ပါ။ဒီဂိတ်လည်းနေဝင်ရင်ဘယ်သူမှမနေကြတော့ဘူး။”လို့ အမှတ် ၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊အင်းဒင်တပ်ရင်းမှနယ်ခြားစောင့်အရာရှိတစ်ဦးက Border News Agency သို့ပြောပါတယ်။

အဲဒီအငူမော်-မောင်တောကားလမ်းမှာ အမှတ် ၆ န ယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊အင်းဒင်တပ်ရင်းနဲ့မောရဝတီဗျူဟာစတဲ့ တပ်ရင်းကြီးနှစ်ခုသာကျန်တော့ပြီး အငူမော်ဆိပ်ကမ်းကနေအင်းဒင်တပ်ရင်းအနီးထိ ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားပြီးလို့လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက အတည်ပြုပြောကြပါတယ်။

အဲဒီအပြင်အင်းဒင်တပ်ရင်းနဲ့မောရဝတီဗျူဟာကြားနေရာအားလုံးနဲ့မောရဝတီဗျူဟာနဲ့မြို့သူကြီးကြားနေရာတွေထိ ရက္ခိုင့်တပ်တော်(AA)က ထိန်း ချုပ်လာနေသလို မောင်တောမြို့ပေါ်ရှိရဲတပ်ဖွဲ့ဝင်တွေ၊ဌာနဆိုင်ရာရုံးတွေထိ ရက္ခိုင့်တပ်တော်(AA)က မြို့သိမ်းတိုက်ပွဲဆင်နွဲ့လာမှာကို စိုးရိမ်ကြောက်လန့်နေကြတယ်လို့လည်း ဆိုကြပါတယ်။

”မနက်က မြို့သူကြီးနယ်ခြားစောင့်စခန်းက လက် နက်ကြီးတွေပစ်တော့ တမြို့လုံးလန့်သွားကြတယ်။ခုက မြို့ထဲမှာတိုက်ပွဲဖြစ်လာမှာကို ဝန်ထမ်းတွေစိုး ရိမ်နေကြတာပါ။မြို့သူကြီးမှာတော့စစ်သားတွေထ ပ်ဖြည့်ထားတယ်။”လို့မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှအရာရှိတစ်ဦးက Border
News Agency သို့ ပြောပါတယ်။

အဲဒီအငူမော်-မောင်တောကားလမ်းပေါ်ရှိ အငူမော်ဆိပ်ကမ်းထိန်းချုပ်ရေးအတွက်အလွန်အရေးပါတဲ့ ရသေ့တောင်မြို့နယ်၊အငူမော်အထိုင်စခန်းကြီးကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၄ ရက်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးစွန့်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့ စစ်ကောင်စီအသိုင်းအဝိုင်းက အတည်ပြုပြောကြပါတယ်။

အဲဒီအငူမော်-မောင်တောကားလမ်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေတဲ့နယ်စပ်ကုန်သွယ်ရေးအတွက်တစ်ခုတည်းသောကားလမ်းမကြီးဖြစ်သလို ဘူးသီး
တောင်-မောင်တောကားလမ်းမကြီးကနေရာတချို့ကိုလည်း ရက္ခိုင့်တပ်တော်(AA)ကထိန်းချုပ်ထားပြီမို့ စစ်ကောင်စီအတွက်နိုင်ငံခြားဝင်ငွေဒေါ်လာတွေရှာပေးနေတဲ့တစ်ခုတည်းသောနယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်သွားပြီလို့ဒေသခံတွေက ဆိုကြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက် ထက်မှာ အငူမော်-အလယ်သံကျော်ကားလမ်းကိုဖောက်လုပ်ခဲ့သလို ၂၀၁၇ ခုနှစ်က မီးတိုက်ဖျက်ဆီးခံထားရတဲ့ကျေးရွာမြေနေရာတွေမှာ နယ်ခြားစောင့်တပ်ရင်းတွေ၊ဗျူဟာတွေကိုအသစ်တည်ထားတာလို့ နယ်ခြားစောင့်တပ်အသိုင်းအဝိုင်းနဲ့စစ်ကောင်စီဌာနဆိုင်ရာတွေက ဆိုကြပါတယ်။

(ဓာတ်ပုံ-စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတဲ့ ရသေ့တောင်မြို့နယ်၊အငူမော်နယ်ခြားစောင့်အ ထိုင်စခန်း/BNA)


Comments

Leave a Reply

Your email address will not be published. Required fields are marked *