ရွှေပြည်အေးမြို့ကို PDF များတိုက်ခိုက်သိမ်းပိုက် (ရုပ်သံ)

​တော်လှန်​ရေးအဖွဲ့များက စစ်​ကောင်စီကိုတိုက်ခိုက်သိမ်းပိုက်ထား​သောမြို့ ၁၂ မြို့ ရှိလာ

စစ်ကိုင်းတိုင်းအတွင်း တတိယ​မြောက်မြို့ အဖြစ် ​ရွှေပြည်​​အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ကာသိမ်းပိုက်ပြီးဖြစ်​ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနကယ​နေ့ညတွင်ထုတ်ပြန်လိုက်သည်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များကနိုဝင်ဘာလ (၂၁) ရက်၊ နံနက် (၆) နာရီတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၂၂) ရက်၊ ညနေ (၆) နာရီတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်​ကြောင်း​ဖော်ပြသည်။သို့​သော်မြို့ကို PDF များသိမ်းပိုက်ပြီး တစ်ပါတ်အကြာတွင်မှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခန္တီးခရိုင် အမှတ် (၂ )တပ်ရင်း ဖြစ်​သောဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့က ရုပ်သံသတင်းထုတ်ပြန်ရာတွင် နိုဝင်ဘာ ၂၁ ရက်တွင်စတင်တိုက်ခိုက်ပြီး စစ်​ကောင်စီတပ်၏ ​နောက်ဆုံးစခန်းကုန်းကို တိုက်ခိုက်ရာ စစ်တပ်က ဆုတ်​ပြေးကြ​သော​နေ့မှာ ၂၃ ရက်​နေ့ဟု ရုပ်သံမှတ်တမ်းတွင်​ပြောထားသည်။ ​နောက်ဆုံးစခန်းကုန်းတိုက်ခိုက်​​နေမှုနှင့် အမိန့်​ပေးမှုနှင့် ပူး​ပေါင်းထိုးစစ်ဆင်​နေမှု အစိတ်အပိုင်းအချို့ကို ရုပ်သံဖိုင်တွင်​တွေ့ရသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်​ကောင်စီတပ်သား (၈) ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း လည်းအသိပေးထားသည်။

“မြို့ကိုက သိမ်းပြီးပြီ စစ်​ရေးရည်မှန်းချက်​တွေ ရှိ​သေးတာမို့ သတင်းမထုတ်​သေးတာပါ”ဟု PDF တစ်ဦးက နိုဝင်ဘာ ၂၆ ရက်တွင် ​ပြောသည်။

PDF များနှင့် ​တော်လှန်​ရေးတပ်များသည်ယခုအခါ စစ်ကိုင်းတိုင်းတွင် ​ကောလင်းမြို့ ၊ ​ခမ်းပါတ်မြို့နှင့် ​ရွှေပြည်​အေးမြို့တို့ကို သိမ်းပိုက်ပြီးဖြစ်သည်။

တစ်နိုင်ငံလုံးအ​နေဖြင့် ​ နိုဝင်ဘာ ၂၈ ရက်အထိ့တော်လှန်​ရေးအဖွဲ့များကစစ်​ကောင်စီတပ်ကို တိုက်ခိုက်၍ မြို့သိမ်း နိုင်ခဲ့သည်​ကြောင်းအတည်ပြု​ကြေညာ​သောမြို့ ​ပေါင်း၁၂ မြို့ရှိပြီဖြစ်သည်။

ကရင်နီပြည်နယ်တွင်မယ်စဲ့ မြို့ ၊ရှမ်းပြည်နယ်တွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း၊ သိန္နီ ၊ မုံးကိုး ၊ ကွမ်းလုံ မြို့ ၊စစ်ကိုင်းတိုင်းတွင်ကောလင်း ၊ခမ်းပါတ် ၊​ရွှေပြည်​အေးမြို့
နှင့် ချင်းပြည်နယ်တွင် ရိ​ဒ်ခေါဒါရ် ၊ လိုင်လဲန်းပီ မြို့တို့ဖြစ်သည်။

(​ရွှေပြည်​အေးမြို့ ​သိမ်းတိုက်ပွဲမှ ​စစ်​ကောင်စီ၏ ​နောက်ဆုံးခံတပ်ကို တိုက်​နေစဥ်။ရုပ်သံ- HPDF )


Comments

Leave a Reply

Your email address will not be published. Required fields are marked *