အုပ်အုပ်တို့ ကုန်သလောက်ရှိသွားပြီ

အုပ်အုပ်တို့ ကုန်သလောက်ရှိသွားပြီ

မင်းတုန်းနယ်တွင် တစ်ညတည်း ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ဦးအသ-က်ခံရပြီးနောက် ကျန်ကျေးရွာအုပ်ချုပ်ရေးမှူးများ မိသားစုလိုက်ရှောင်တိမ်းနေရ

ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၃၀ ရက်

မကွေးတိုင်း၊ သရက်ခရိုင် ၊ ပုသိမ်- မုံရွာကားလမ်းဘေးရှိ ရွာအုပ်ချုပ်ရေးမှူး ခြောက် ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့ညပိုင်းက အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဝင်ရောက်သ-က်ဖြတ်သွားကြောင်း သိရသည်။

ထို့သို့ ဝင်ရောက်သတ်ဖြတ်ခြင်း ခံရပြီးနောက် သရက်ခရိုင်အတွင်းရှိ ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် မိသားစုဝင်များသည် ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်

“အထက်မင်းလှမြို့နယ်ထဲက လင်းကယ်ကျေးရွာ၊ မီးလောင်ကုန်းကျေးရွာ၊ ပေတော ကုန်းကျေးရွာ၊ ကဒေါင်းစောက်ကျေးရွာနဲ့ တောင်ယံကျေးရွာတွေက အုပ်ချုပ်ရေးမှူး တွေအသတ်ခံရတာ။

သူတို့ရဲ့ နေအိမ်တွေထဲမှာပဲ ညဦးပိုင်းက သေနက်တွေနဲ့ဝင်ရောက် ပစ်သတ်ခံရတာ” ဟု အထက်မင်းလှမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀ ယောက်ကျော် အသတ်ခံရသည်ဟု ကြားသိရသော်လည်း အဆိုပါ ကျေးရွာများမှ အုပ်ချုပ်ရေးမှူး ခြောက်ယောက် အသတ်ခံရခြင်းကိုသာ သိရှိရကြောင်းနှင့် မည်သည့်အဖွဲ့အစည်းက ဝင်ရောက် သတ်ဖြတ်ခြင်း ဖြစ်သည်ကို မသိရသေးကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် မင်းလှမြို့နယ်နှင့် မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး များသည် မိသားစုလိုက်ရှောင်ပြေးနေကြပြီး ထိုသို့ ထွက်ပြေးနေသည့် အုပ်ချုပ်ရေးမှူးများတွင် စစ်ကောင်စီတပ်နှင့် နီးစပ်သူအများစုပါဝင်ကြောင်း ဒေသခံများ ထံက သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *