လောက်ကိုင်မှာ စစ်ကောင်စီလက်အောက်ခံ စစ်သား(၂၀၀)နဲ့ မိသားစုတွေ အစုလိုက်အပြုံလိုက် အလံဖြူထောင် အလင်းဝင

ရန်ကုန်၊နိုဝင်ဘာ(၃၀)

ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင် ဒကစလက်အောက်ခံ ခလရ ၁၂၅ တပ်ရင်းက စစ်သား(၂၀၀) နဲ့မိသားစုဝင်တွေ အစုလိုက်အပြုံလိုက် အလံဖြူထောင် အလင်းဝင်ခဲ့တယ်လို့ MNDAA သတင်းနဲ့ပြန်ကြားရေးဆီက သိရပါတယ်။

ကုန်းကြမ်းဒေသမှာရှိတဲ့ တပ်စခန်း(၅)နေရာနဲ့ ကင်းစခန်းတွေကို MNDAA ပူးပေါင်းတပ်တွေက အခုလ(၂၈)ရက်နေ့စပြီး အင်အားနဲ့ အရှိန်တိုးတိုက်ခိုက်နေလို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၅) တစ်ရင်းတစ်ခုလုံး လက်နက်ချအလင်းဝင်ခဲ့တာဖြစ်တယ်လို့ MNDAA ကပြောပါတယ်။

ခလရ (၁၂၅) တပ်ရင်းမှူးက ဦးဆောင်ကာ အလုံဖြူထောင်လက်နက်ချခဲ့တာဖြစ်ပြီး ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် (၂၇)ယောက် (ဗမာလူမျိုး) ၊ ခလရ (၁၂၅)အဖွဲ့ဝင် (၉၃)ယောက် ၊ စကခ(၁၆)အဖွဲ့ဝင် (၃၆)ယောက် ၊ စကခ(၁၂)အဖွဲ့ဝင် (၁၄)ယောက် ၊ စစ်သားမိသားစုဝင် (၈၆)ယောက် ၊ စစ်ဆင်ရေးအကြံပေးသူ (၅)ယောက်နဲ့ ရဲအဖွဲ့ဝင် (၁၁)ယောက် စုစုပေါင်း (၂၇၂) ယောက် အလံဖြူထောင် အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူတွေထဲက ဒဏ်ရာရရှိနေသူတွေကို ဆေးဝါးကုသပေးထားပြီး မိသားစုဝင်တွေရဲ့ နေထိုင်စားသောက်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *