စောစီး မင်္ဂလာ သတင်းနဲ့စလိုက်ပြီ Merry Christmas 🌿🌿👇🌿🌿🌿

စောစီး မင်္ဂလာ သတင်းနဲ့စလိုက်ပြီ Merry Christmas 🌿🌿👇🌿🌿🌿

ကုန်းကြမ်းမြို့နယ်တွင် အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံသော ခလရ ၁၂၅ တပ်မှ လက်နက်ခဲယမ်းများ ရရှိမှု အလွန်များပြား

ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်-ဒကစ) လက်အောက်ခံ ကုန်းကြမ်းမြို့နယ်မှ ခလရ ၁၂၅ တပ်ရင်းမှ အင်အား ၂၇၂ ဦး အလံဖြူထောင် လက်နက်ချ အညံ့ခံ အလင်းဝင်ပြီးနောက် ယင်းတပ်ရင်းမှ သေနတ်အလက် ရာပေါင်းများစွာ၊ အမြောက်များစွာ၊ လက်နက်ကြီးကျည်နှင့်လက်နက်ငယ် ကျည်ဆန် သောင်းပေါင်းများစွာ ရရှိကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒကစ လက်အောက်ခံ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး (ဗမာလူမျိုး) ၊ ခလရ ၁၂၅ မှ တပ်ဖွဲ့ဝင် ၉၃ ဦး ၊ စကခ ၁၆ မှ တပ်ဖွဲ့ဝင် ၃၆ ဦး ၊ စကခ ၁၂ မှ တပ်ဖွဲ့ဝင် ၁၄ ဦး ၊ စစ်မိသားစုဝင် ၈၆ ဦး ၊ စစ်ဆင်ရေးအကြံပေး သူ ၅ ဦး နှင့် ရဲအဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း လက်နက်ချ အလင်းဝင်သူ ၂၇၂ ရှိခဲ့ကြောင်း၊ ခလရ ၁၂၅ တွင် ရဟတ်ယာဉ်ကွင်းပါရှိပြီး Jammer များပါ အထူးတပ်ဆင်ထားကြောင်း MNDAA က ထုတ်ပြန်ပြောဆိုချက်အရ သိရှိရသည်။

သို့ရာတွင် MNDAA ၏ တိုက်စစ်ဆင်မှုကို မခံနိုင်သဖြင့် အလင်းဝင်လာခဲ့ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ရန်အချက်ပြခဲ့ကြောင်း၊ ထို့နောက် ၎င်းတပ်ရင်းမှတပ်ရင်းမှူးသည် ရဲဘော်တစ်ယောက်နှင့် အတူ MNDAAထံသို့ရောက်လာပြီး

လက်နက်ချအလင်းဝင်ရန် ဆွေးနွေးတောင်းဆိုခဲ့ပြီး ဒဏ်ရာရလူနာများကိုကုသကယ်ဆယ်ပေးရန်နှင့် မိသားစုဝင်များ၏နေထိုင်ရေးချပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊ ၎င်းတို့တောင်းဆိုချက်များကို သဘောတူညီပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ၄ နာရီခန့်တွင် ၎င်းတပ်ရင်းမှူးသည် လက် အောက်ငယ်သားများအားလုံးခေါ်ဆောင်ပြီး MNDAAထံသို့ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း၊

၎င်းတပ်ရင်းမှူး၏ ပြောဆိုချက်အရ စစ်ကောင်စီမှ စကခ ၁၆ ၏ စကခမှူးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တပ်ဖွဲ့ဝင် ၁၀၀ ကျော်ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

“လက်နက်တွေ၊ အမြောက်တွေ၊ ကျည်တွေ ရတာတော့ အရမ်းများတယ်။ သယ်တာတောင် အခေါက်အခါခါ မနည်းသယ်ယူရတယ်။ အရေအတွက်တော့ MNDAA ဘက်က တရားဝင် ထုတ်ပြန်မှသိရမယ်။

ကျနော်သိသလောက်တော့ ကျည်ဆန်တွေဆိုတာ တောင်ပုံရာပုံပဲ။ လက်နက်ခဲယမ်းကတော့ တပ်ရင်းအလိုက် ရတာ၊ လက်နက်ဂိုဒေါင်ပါရတာဆိုတော့ အတော်ကို များတဲ့ ပမာဏပါ” ဟု MNDAA နှင့် ပူးတွဲ တိုက်ပွဲဝင်နေသော PDF သတင်းရင်းမြစ်က ပြောဆိုသည်။

MNDAA ၏ ‌ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကမူ လက်ရှိတွင် ခလရ ၁၂၅ ရရှိသော လက်နက်ခဲယမ်းအရေအတွက်ကို အတိအကျ မသိရသေးဟု ပြောဆိုသည်။

“အတိအကျတော့ မသိရသေးဘူးခင်ဗျ” ဟု လီကျားဝင်းက ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် ဒကစ လက်အောက်ခံ ခလရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးစီးသည့် အရာရှိနှင့်စစ်သား ၁၂၆ ဦး၊ မိသား စု ၁၃၄ ဦးစုစုပေါင်း ၂၆၂ ဦး တပ်ရင်းအလိုက် MNDAA ထံတွင် လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *