ကော့ကရိတ်က အားရစရာ လှော်ချက်တွေ လင်းပီ..(ရုပ်/သံ)

ကော့ကရိတ်က အားရစရာ လှော်ချက်တွေ လင်းပီ..(ရုပ်/သံ)

ကော့ကရိတ်မြို့တွင်းတိုက်ပွဲ ၂ ရက်ကြာ ပြင်းထန်နေဆဲ

ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဟာ လေကြောင်းအားပြုကာ ပြင်းပြင်းထန်တိုက်ခိုက်နေတယ်လို့ KNU သတင်းရင်းမြစ်ထံကသိရပါတယ်။

ကော့ကရိတ်မြို့တွင်း၊ မြို့ပြင် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေ ကို မနေ့ (ဒီဇင်ဘာ ၁ရက် ) ကစတင်ပြီး KNU နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာပါ။

မနေ့က တိုက်ပွဲမှာ ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီး ဘေးက ကော့နွဲ့ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူနိုင်ခဲ့ကြပါတယ်။

တိုက်ပွဲပထမနေ့မှာတင် စစ်ကောင်စီဘက်က လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတယ်လို့ KNU သတင်းရင်းမြစ်ရဲ့ပြောပြချက်အရသိရပါတယ်။

လေကြောင်းတိုက်ခိုက်ရာမှာ မနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဂျက်တိုက်လေယာဉ်နဲ့ အကြိမ်ကြိမ် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ကော့ကရိတ်မြို့အခြေစိုက် ခြေလျင်တပ်ရင်းအမှတ် ခလရ ၉၇ မကျဖို့အတွက် လေကြောင်းပစ်ကူ တရစပ်သုံးပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မြေပြင် စစ်ကူမပို့ပေးနိုင်တဲ့အတွက် လေကြောင်းကနေ ပစ်ကူပေးပြီး တိုက်ခိုက်နေတာလို့ KNU သတင်းရင်းမြစ်က မှတ်ချက်ပြုပါတယ်။
“စစ်ကောင်စီရဲ့ လုပ်ဆောင်မှုက သူတို့ခံစစ်ရအောင် လုပ်တယ်လို့ သုံးသပ်လို့ရတယ်” လို့ KNU သတင်းရင်းမြစ်က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကော့ကရိတ်မြို့ပေါ်မှာ ပိတ်မိနေတဲ့ အရပ်သား ပြည်သူတွေ ထိခိုက် သေကြေမှုရှိတယ်လို့ လည်း KNU သတင်းရင်းမြစ်က အသိပေးပါတယ်။

ကော့ကရိတ်မြို့ တိုက်ပွဲတွေကြောင့် ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီး ပိတ်ထားရပြီး ခရီးသည်တင်ကားတွေ ၊ ကုန်ကားတွေ အများအပြား ပိတ်မိနေကြပါတယ်။

ခရီးသည်တင်ယာဉ်ငယ်တွေကတော့ ကော့ကရိတ်မြို့ မြောက်ဘက်ခြမ်း ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ ထိန်းချုပ်ရာနယ်မြေက ထို့ကော်ကိုး − မြဝတီတောင်ပေါ် လမ်းကို အသုံးပြုသွားလာနေတယ်လို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *