ပွဲ၁၀၀ ကျော် အဘရေ့ စမိုင်းလင်း စမိုင်းလင်း

ပွဲ၁၀၀ ကျော် အဘရေ့ စမိုင်းလင်း စမိုင်းလင်း

ကုန်းကြမ်းမြို့ အခြေစိုက် ခလရ ၁၂၅ တပ်ရင်းမှ အင်အား ၁၀၀ ကျော်ခေါ်ယူ၍ ထွက်ပြေးသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စကခမှူး အပါအဝင် စစ်သား ၁၀၀ ကျော် သေဆုံး

လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးများပါ သိမ်းဆည်းရရှိ

ဒီဇင်ဘာ ၂

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကုန်းကြမ်းမြို့ အခြေစိုက် ခလရ ၁၂၅ တပ်ရင်းမှ အင်အား ၁၀၀ ကျော်ခေါ်ယူ၍ ထွက်ပြေးသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စကခမှူး အပါအဝင် စစ်သား ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ကိုးကန့် MNDAA ထံမှ သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကုန်းကြမ်းမြို့ရှိ စစ်တပ်စခန်းကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး ကုန်းကြမ်းမြို့တွင် တပ်စွဲ ထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၂၅ တပ်ရင်း တစ်ခုလုံးနှင့် စကခ ၁၂ တပ်ဖွဲ့ဝင် အချို့ လက်နက်ချအညံ့ခံခဲ့ကာ

စကခ ၁၆ မှူးက ခလရ ၁၂၅ တပ်ရင်းမှ အင်အား ၁၀၀ ခန့်ခေါ်ယူပြီးထွက် ပြေးခဲ့ ကြောင်း၊ ထို့သို့ ထွက်ပြေးသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀၀ နီးပါးခန့်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့သို့ ထွက်ပြေးသွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် စစ်သား ၂၈၀ ကျော်သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု ၊ ဝကြည်ကျိုင့်ရွာ နှင့် စူကြာ ကျိုင့်ရွာကြားရှိတောင်ကုန်းအောက်ခြေသို့ စုစည်းပုန်းအောင်းနေခဲ့ကြောင်း၊ ထို့ကြောင့် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ် တွင် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်ခဲ့သည့်နေရာကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၂၀ တွေ့ရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းတွင် ကျန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ထပ်မံလိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးပြီး စစ်သား ၄ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထို့ပြင် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိပြီး သိမ်းဆည်းရရှိ‌သောပစ္စည်းများထဲတွင် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြားများလည်းပါရှိကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ကျန်ရှိနေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို MNDAA က ဆက်လက် ရှာဖွေရှင်းလင်းတိုက်ခိုက်နေပြီး ရှင်ဝမ့်ဒေသ၏ လုံခြုံရေးတပ်ဖွဲ့သည်လည်း ကုန်းကြမ်း စခန်း အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး စစ်သေနတ် ၁ လက် ၊ ကျည်ဘောက် ၉ ခု ၊

ပစ္စတို သေနတ် ၁ လက် ၊ ပစ္စတို ကျည်ဘောက် ၂ ခု ၊ လက်ပစ်ဗုံး ၁ လုံး ၊ စကား ပြောစက် ၁ လုံး ၊ ဖုန်း ၁ လုံးနှင့် မြန်မာငွေ ၁၈၂၁၅၀ ကျပ် တို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကုန်းကြမ်းမြို့ရှိ စစ်စခန်းအားလုံးကို သိမ်းပိုက်ရရှိပြီး ရှင်ဝမ့်ဒေသလွတ်မြောက်ရေးကိုဖော်ဆောင်နိုင်ခဲ့ပြီဟု ကြေညာလိုက်သော်လည်း ထွက်ပြေးနေသည့် စစ်ကောင်စီအကြွင်း အကျန်အဖွဲ့ဝင် အများအပြားရှိနေ သေးပြီး လက်နက်ချခြင်းမရှိသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် အပြတ်ချေမှုန်သွားမည်ဖြစ်ကြောင်း MNDAA ရှေ့တန်းအရာရှိက ပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *