ရန်ကင်း ရဲစခန်းမှာ သုံးကောင် ပန်လံလက်နေတယ်တဲ့… ရန်ကုန်!!! အရှိန်မြှင့်တော့မယ်လို ကြိုပြောခဲ့ပါတယ်။

ရန်ကင်း ရဲစခန်းမှာ သုံးကောင် ပန်လံလက်နေတယ်တဲ့… ရန်ကုန်!!! အရှိန်မြှင့်တော့မယ်လို ကြိုပြောခဲ့ပါတယ်။

ရန်ကင်းမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်မှု ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်

ဒီဇင်ဘာ ၁

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ရဲ ၂ ဦးမှ ၃ ဦး အထိ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း Yangon Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ ည၇နာရီခွဲဝန်းကျင်က ရန်ကင်းမြို့နယ်၊ မြို့မရဲစခန်းရှိ ဘန်ကာ၂ခုအား ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပကဖ နှင့် Yangon Army(YA)တို့ပူးပေါင်း၍ ပြင်းအားမြင့် အ​ဝေးထိန်းမိုင်းနှစ်လုံးဖြင့် ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ပါသည်။

အဆိုပါ တိုက်ခိုက်မှုတွင်ဘန်ကာရှိ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂​ယောက်(သို့မဟုတ်) ၃​ယောက် သေဆုံးနိုင်ပြီး ထိခိုက်မှု များပြားနိုင်ပါသည်။

” ကျ​နော်တို့မြို့ပြစစ်ဆင်​ရေးကို ​ပြောထားတဲ့အတိုင်း အရှိန်မြှင့်တင် ​ဆောင်ရွက်​နေကြပါတယ်။ အခုည တိုက်ခိုက်မှုကလည်း ပြင်းအားမြင့်မိုင်းဖြစ်လို့ ထိခိုက်မှုက ထင်ထားတာထက် ပိုမိုဖွယ်ရှိနိုင်ပါတယ်” ဟု ရန်ကုန်အ​နောက်ပိုင်းခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ​ပြောပါသည်။

ထိုဖောက်ခွဲမှု အသံများကို ကြည့်မြင်တိုင်တဖက်ကမ်းအထိ ကျယ်လောင်စွာကြားရကြောင်းသိရသည်။

“ကျ​နော်တို့ ပကဖ ​တွေက ရန်ကုန်မြို့ထဲမှာ အလုပ်​တွေ အများကြီး ဆက်လုပ်​တော့မှာမို့ ပြည်သူ​တွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော နေရာများကို ဝေးဝေးရှောင်ရှားကြပါရန်ထပ်မံအသိပေးလိုပါတယ်။ ကျ​နော်တို့ဟာ မိတ်ဖက်အဖွဲ့အစည်း​တွေနဲ့လည်း တက်ညီလက်ညီ ပူး​ပေါင်းပြီး ရန်ကုန်မှာ ရန်​တွေကုန်သွားတဲ့အထိ ​တော်လှန်တိုက်ထုတ်သွားမှာပါ” လို့ ရန်ကုန်တိုင်းပကဖ ​ပြော​ရေးဆိုခွင့်ရှိသူ တိုင်းဒုတာဝန်ခံ ကိုမင်းရန်နိုင်က ​ပြောသည်။

“ရန်ကင်းမှာ ပေါက်ကွဲသံ အကျယ်ကြီး ၂ ချက်ကြားလိုက်ရတယ်၊”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောကြားသည်။

ပြည်သူကိုအမျိုးမျိုးဖိနှိပ်အနိုင်ကျင့်နေသော ဌာနများအားလုံးကို ထိထိရောက်ရောက်တိုက်ခိုက် သွား မည်ဖြစ်ပြီး နောက်ထပ် ပစ်မှတ်အကြီးများကိုလည်း ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ် ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကမြ်းဖက်စစ်ကောင်စီနှင့် ပတ် သက်သောနေရာများကို ဝေးဝေးနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေကြသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *