ရန်ကင်း ရဲစခန်းမှာ သုံးကောင် ပန်လံလက်နေတယ်တဲ့… ရန်ကုန်!!! အရှိန်မြှင့်တော့မယ်လို ကြိုပြောခဲ့ပါတယ်။
ရန်ကင်းမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်မှု ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်
ဒီဇင်ဘာ ၁
ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်း မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ရဲ ၂ ဦးမှ ၃ ဦး အထိ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း Yangon Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ ည၇နာရီခွဲဝန်းကျင်က ရန်ကင်းမြို့နယ်၊ မြို့မရဲစခန်းရှိ ဘန်ကာ၂ခုအား ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင် ပကဖ နှင့် Yangon Army(YA)တို့ပူးပေါင်း၍ ပြင်းအားမြင့် အဝေးထိန်းမိုင်းနှစ်လုံးဖြင့် ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့ပါသည်။
အဆိုပါ တိုက်ခိုက်မှုတွင်ဘန်ကာရှိ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၂ယောက်(သို့မဟုတ်) ၃ယောက် သေဆုံးနိုင်ပြီး ထိခိုက်မှု များပြားနိုင်ပါသည်။
” ကျနော်တို့မြို့ပြစစ်ဆင်ရေးကို ပြောထားတဲ့အတိုင်း အရှိန်မြှင့်တင် ဆောင်ရွက်နေကြပါတယ်။ အခုည တိုက်ခိုက်မှုကလည်း ပြင်းအားမြင့်မိုင်းဖြစ်လို့ ထိခိုက်မှုက ထင်ထားတာထက် ပိုမိုဖွယ်ရှိနိုင်ပါတယ်” ဟု ရန်ကုန်အနောက်ပိုင်းခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ထိုဖောက်ခွဲမှု အသံများကို ကြည့်မြင်တိုင်တဖက်ကမ်းအထိ ကျယ်လောင်စွာကြားရကြောင်းသိရသည်။
“ကျနော်တို့ ပကဖ တွေက ရန်ကုန်မြို့ထဲမှာ အလုပ်တွေ အများကြီး ဆက်လုပ်တော့မှာမို့ ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သော နေရာများကို ဝေးဝေးရှောင်ရှားကြပါရန်ထပ်မံအသိပေးလိုပါတယ်။ ကျနော်တို့ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တက်ညီလက်ညီ ပူးပေါင်းပြီး ရန်ကုန်မှာ ရန်တွေကုန်သွားတဲ့အထိ တော်လှန်တိုက်ထုတ်သွားမှာပါ” လို့ ရန်ကုန်တိုင်းပကဖ ပြောရေးဆိုခွင့်ရှိသူ တိုင်းဒုတာဝန်ခံ ကိုမင်းရန်နိုင်က ပြောသည်။
“ရန်ကင်းမှာ ပေါက်ကွဲသံ အကျယ်ကြီး ၂ ချက်ကြားလိုက်ရတယ်၊”ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက ပြောကြားသည်။
ပြည်သူကိုအမျိုးမျိုးဖိနှိပ်အနိုင်ကျင့်နေသော ဌာနများအားလုံးကို ထိထိရောက်ရောက်တိုက်ခိုက် သွား မည်ဖြစ်ပြီး နောက်ထပ် ပစ်မှတ်အကြီးများကိုလည်း ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ် ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကမြ်းဖက်စစ်ကောင်စီနှင့် ပတ် သက်သောနေရာများကို ဝေးဝေးနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေကြသည့် အကြမ်းဖက်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
Leave a Reply