တောင်ပြုံးမင်းနှစ်ပါးနတ်နန်းအနီး မီးလောင် နေအိမ် ၁၂ လုံးမီးထဲသွား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ တောင်ပြုံးမင်းနှစ်ပါးနတ်နန်းအနီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဒီဇင်ဘာ ၇ ရက်)နံနက် ၁၁ နာရီ မိနစ်၄၀ခန့်က မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာ၊ နန်းကြီးရပ်ရှိ မင်းနှစ်ပါးနတ်နန်းအနီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ၁နာရီခန့် ကြာလောင်ကျွမ်းခဲ့ပြီး နေအိမ်၁၂လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မင်းနှစ်ပါးနန်းတော် တောင်ဘက်ပိုင်း ဘာမှကို မကျန်တော့ဘူး။ နန်းတော်တော့ အထိအခိုက်မရှိဘူး။”ဟု တောင်ပြုံးဒေသခံတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ လက်တလော မသိရသေးပေ။

တောင်ပြုံးမင်းနှစ်ပါးနတ်နန်းသည် မြန်မာနိုင်ငံ၌ နတ်ကိုးကွယ်သူများအကြား ထင်ရှားသည့်နေရာတစ်ခုဖြစ်ပြီး နှစ်စဥ်ဝါခေါင်လရောက်တိုင်း ကိုးကွယ်သူများဖြင့် စည်ကားလေ့ရှိသည်။

တောင်ပြုံးမင်းနှစ်ပါးနတ်နန်းအနီး မီးလောင်ကျွမ်းမှုဖြစ်ပွားနေစဥ်။ ဓာတ်ပုံ – CJ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top