စစ်ကောင်စီ လက်အောက်က ဆင် နဲ့ ဆင်ထိန်း တွေ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာ

ပဲခူးတိုင်းအတွင်း စစ်ကောင်စီလောက်အောက်က ပြည်သူ့ဆင် ၁၆ ကောင် ၊ ဆင်ထိန်း ၁၆ ဦးနဲ့ မိသားစုဝင် ၉၀ ဦးခန့်ဟာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတာက စက်တင်ဘာ နဲ့ အောက်တိုဘာလတွေမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှတော့ အဆိုပါ ဆင် ၊ ဆင်ထိန်း နဲ့ ဆင်ထိန်းမိသားစုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းသိမ်းစောင့်ရှောက်ထားပြီး လိုအပ်တဲ့ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *