သတင်းကောင်းလေးလာပီ…ဗမ တွေကြီးဘဲ(၁၇)ပွဲ

စစ်ကောင်စီ ဗိုလ်မှူးချုပ်အဆင့်ဟုယူဆရသူအပါအဝင် ဆယ့်ခုနစ်ဦးကို ကိုးကန့်တပ်မတော် ရှင်းလင်းနိုင်ခဲ့

စစ်ကောင်စီ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ရှောင်ကိုင်ကြည်၊ လိမ်ရှမ်နဲ့ ရှောက်ပိုက်အိုက်မှာရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၁၇ ဦးကို ကိုးကန့်တပ်မတော်က မနေ့က ဒီဇင်ဘာ ၇ ရက်မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ချေမှုန်းခံရသူများထဲတွင် စစ်ကောင်စီ ဗိုလ်မှးချုပ်အဆင့်ရှိသူဟု ယူဆရသူ တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

ကိုးကန့်ခရိုင် တုန်ရှမ်းဒေသ တာရင်တောင်နဲ့ လောက်ရှုကုတ်နေရာတကြောမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အကြွင်းအကျန်များ အင်အားပြန်လည်စုဖွဲ့ပြီး ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်းချိန် မြောက်ဘက်ခြမ်း ရှီးရှမ်းဒေသတကြောမှာရှိတဲ့ ကိုးကန့်တပ်မတော်က စစ်ကောင်စီအဖွဲ့များကို ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ပြန်လည်တိုက်ထုတ် ရှင်းလင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ ဒီဇင်ဘာ ၇ ရက်ကလည်း ရှီးရှမ်းဒေသ ဖုန်းချွင်တောင်နဲ့ ရှောက်ကိုင်ကြည်နေရာကို ထွက်ပြေးပုန်းအောင်းလာတဲ့ စစ်ကောင်စီအဖွဲ့ကို ကိုးကန့်တပ်မတော်က ရှင်းလင်းခဲ့ရာ နှစ်ဦး သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့မှာ လိမ်ရှမ်နဲ့ ရှောက်ပိုက်အိုက်မှာရှိတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၁၅ ဦး ထပ်မံချေမှုန်းခံရပြီး ယင်းနေ့ညပိုင်းတွင် ရှောက်ကိုင်ကြည်မှာရှိတဲ့ စစ်ကောင်စီ ဗိုလ်ကြီးအဆင့်တစ်ဦးကို ဖမ်းဆီးမိကာ ချေမှုန်းခံရသူ ၁၅ ဦးထဲတွင် ဗိုလ်မှူးချုပ်အဆင့် တံဆိပ်ကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့က သိမ်းယူခဲ့တဲ့ တာရင်တောင် (လေးမျက်နှာစေတီကုန်း) တိုက်ပွဲတွင်လည်း စစ်ကောင်စီထံမှ စက်သေနတ်အကြီး သုံးလက်၊ စိန်ပြောင်း တစ်ခု၊ ရိုင်ဖယ် ငါးလက်နဲ့ အခြားလက်ခဲယမ်းများကိုလည်း အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *