အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်သိမ်းလိုက်ပီ😍

TNLA က သိမ်းပိုက်ရရှိသော မိုင်းလုံ မြို့နယ်ရှိ စစ်ကောင်စီစခန်းတွင် စစ်သားများ သေဆုံးနေပြီး လက်နက်ခဲယမ်းများရရှိ၊ အရှင်ဖမ်းမိသူ ၅ ဦးရှိ (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်ရှိ စစ်တပ် စခန်း ကို TNLA က သိမ်းပိုက်ခဲ့ကြောင်း PSLF/TNLA က ပြောဆိုသည်။

ဒီဇင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၅ မိနစ်တွင် မိုင်းလုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လယ်ကြီးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA ၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းစခန်းမှ စစ်သုံးပန့် ၂ ဦး၊ ရဲ ၃ ဦး၊ ၆၀နှင့် ၈၀ မမ လက်နက်ကြီးအပါအဝင်၊ စစ်ကောင်စီ၏ လက်နက် ( ၁၀ )လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်ကြောင်း TNLA က တရားဝင်ကြေညာသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *