ကြည့်မြင်တိုင် နဲ့ အင်းစိန် တွေ့ကြတဲ့ပွဲလား (ကြည့်မြင်တိုင် 1-0 အင်းစိန် )

အင်းစိန်ကမ်းနားမှ ပျူစောထီးခေါင်းဆောင် လူမိုက် ကျော်ဝင်းစိန် ကြည့်မြင်တိုင်တွင် ဓားခုတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်ကမ်းနားမှ ပျူစောထီးခေါင်းဆောင် လူမိုက် ကျော်ဝင်းစိန်သည် ကြည့်မြင်တိုင်မြို့နယ်တွင် ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်တွင် အင်းစိန်မှ ပျူစောထီးခေါင်းဆောင် လူမိုက်ကျော်ဝင်းစိန်သည် ကြည့်မြင်တိုင်မြို့နယ်တွင် ဓားခုတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်း လူမိုက်ကျော်ဝင်းစိန်၏ နေအိမ်ဖြစ်သော အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ ပတ္တမြားရပ်ကွက်တွင် သက်ပျောက်ဆွမ်းကပ်ရန် ပြင်ဆင်နေကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

“အင်းစိန်လူမိုက်ကျော်ဝင်းစိန် ညက ‌ကြည့်မြင်တိုင်မှာ ဓားခုတ်ခံရပြီး သေသွားခဲ့ပြီ လို့သိရပါတယ်။ အင်းစိန်မြို့နယ်ကမ်းနားအလယ်ရပ်ကွက်၊ ပတ္တမြားလမ်း သူ့နေအိမ်မှာသက်ပျောက်ဆွမ်းကပ်ဖို့လုပ်နေပြီ။ ရင်ဘတ်ကို ဓားခုတ်ပြီး ထိုးသွားတာလို့ ပြောတယ်။

ကျော်ဝင်းစိန်ရဲ့လူတစ်ယောက်က ကြည့်မြင်တိုင်ကလူမိုက်ငမျိုးတပည့်တစ်ယောက်နဲ့ ငွေကြေးအရှုပ်ရှင်းပြဿနာဖြစ်တယ်။ ကြည့်မြင်တိုင်လူမိုက်တွေ အင်းစိန်ကမ်းနားဆင်းလာပြီးတော့ ပြဿနာရှင်းကြတယ်။ ရှင်းပြီးပြန်သွားတော့ ကျော်ဝင်းစိန်ကမကျေနပ်လို့ သူ့လူလေးယောက်ခေါ်ပြီး သွားဖြဲတာဟိုဘက်က

ကျော်ဝင်းစိန်တယောက်တည်းကိုဝိုင်းခုတ်လိုက်တယ်။ ကျန်တဲ့လူတွေကိုတော့ပြန်လွှတ်လိုက်တယ်လို့သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ုတိုင်း၊ အင်းစိန်မြို့နယ်တွင်၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှုများဖြင့် ထောင်ဒဏ် ၇၀ နှစ်ကျော် ကျခံနေရသည့် အင်းစိန်လူမိုက် မူးယစ်ရာဇာ ကျော်ဝင်းစိန်နှင့်အဖွဲ့ကို စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင် ထောင်မှ ပြန်လွှတ်ပေးပြီး ပျူစောထီးများအဖြစ် စစ်တပ်နှင့်အတူ ကင်းလှည့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းများ လုပ်ဆောင်ခိုင်းထားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အင်းစိန်လူမိုက် ကျော်ဝင်းစိန်နှင့် ညီဖြစ်သူ ကျင်ဟုတ်တို့သည် စစ်ကောင်စီလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်တပ်၏ လက်ကိုင်တုတ် ပျူစောထီးများဖြစ်လာကြောင်း၊ အင်းစိန် ကမ်းနားအလယ်၊

အောင်ဇေယျာအိမ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးမြင့်၊ ရာအိမ်မှူး ပိုကြီးတို့နှင့်အတူ ပြည်သူများကို ညှဉ်းပန်းနှိပ်စက် လျက်ရှိကြောင်း၊ နိုင်ငံရေးလုပ်သူ၊ စစ်တပ်ဆန့်ကျင်သူများကို မိသားစု အလိုက် သတ်ဖြတ်မည်ဟု လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့က ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်နှင့်အဖွဲ့သည် ဆက်ကြေးကောက်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးမှုများကို စစ်တပ်၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်၍ ငွေကြေးချမ်းသာလာခဲ့ကြကြောင်း သိရှိရသည်။

အင်းစိန်၊ ကမ်းနားဘက်တွင် လူမိုက် ကျော်ဝင်းစိန်၊ ကျင်ဟုတ် တပည့်များကို စစ်တပ်က လက်နက် တပ်ဆင်ထားပြီး ညအချိန် ခေမာတောင်ရပ်ကွက်၊ အောင်ဇေယျရပ်ကွက်၊ ပတ္တမြားရပ်ကွက်တို့တွင် ဧည့်စာရင်းစစ်ခြင်း၊ ဧည့်စာရင်းမတိုင်ပါက အိမ်သားအားလုံးကို ရိုက်နှက်ပြီး အဖိုးတန်ပစ္စည်းများလုယူခြင်း၊ ငွေကြေးတောင်းခြင်းများ လုပ်ဆောင်ကြောင်း၊ အင်းစိန်အောင်ဇေယျတံတားနှင့် လျှပ်စစ်မီတာရုံးတွင် ကျော်ဝင်းစိန်လူမိုက်အဖွဲ့နှင့် စစ်တပ်က ပူး‌ပေါင်းလုံခြုံရေးယူခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် အင်းစိန်မြို့နယ်မှ ပြည်သူတချို့ကို စစ်တပ်နှင့် လူမိုက်ကျော်ဝင်းစိန်အဖွဲ့ကဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ဖမ်းဆီးခံရသည့် ပြည်သူတချို့သတင်းအစအနမရရှိဘဲ ပျောက်ဆုံးခဲ့ကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်ကို NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိချိန်က လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၃ ခုနှစ်တွင် တွံတေးတွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး သိန်း ၂၀၀၀ ဖြင့် အရွေးခိုင်းခဲ့မှု၊ လုယက်မှု များ ကျူး လွန်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်ပင် လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုခံ တိုက်ခိုက်ခဲ့သဖြင့်

ရဲတပ်ဖွဲ့ဝင်(၁)ဦး ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အလုံမြို့နယ်တရားရုံးများက လုယက်မှု၊ ဓားပြမှုများ၊ မူးယစ်မှုများဖြင့် ထောင် ဒဏ် ၆၅ နှစ်၊ ၃ လ ချမှတ်ခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်သည် ထောင်ဒဏ်ကျခံနေရချိန် မုပ္ပလင်ကျောက် ထုတ် လုပ်ရေး စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ်ကျော် ထပ်မံ ချမှတ်ခံရသဖြင့် နှစ်ပေါင်းထောင်ဒဏ် ၇၅ နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်၏ လွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန် လည် လွတ် မြောက်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *