မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ်၊ စမ်းဘုတ်ကျေးရွာထိပ်ရှိအကြမ်းဖက် စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးကပြောကြား သည်။

ယမန်နေ့ ဒီဇင်ဘာလ ၈ ရက် ည ၈ နာရီခန့်က မင်းလှမြိုနယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စမ်းဘုတ်ကျေး ရွာထိပ်၌ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးဖြင့် အခိုင်အမာ တပ်စွဲထားသော စစ်ကောင်စီ ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်သား ကောင်းမိုးထက် နှင့် အကြမ်းဖက်စစ်သား ၂ ဦး စုစုပေါင်း ၃ ဦးပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စခန်းက မသိမ်းနိုင်ခဲ့ဘူး၊ စခန်းထဲအထိတော့‌ ရောက်ခဲ့တယ်၊ စခန်းထဲက စစ်ခွေး ၂ ကောင်နဲ့ ရဲ ခွေး တစ်ကောင်ကို အသေရှင်းနိုင်ခဲ့တယ်၊ ဒဏ်ရာရတာတွေများတယ်၊ စစ်ကူအင်အား ၁၀၀ ကျော် ရောက်လာလို့ ပြန်ဆုတ်ခဲ့ရတာ၊ ရိုးမထဲကို စစ်ကြောင်းတွေ ထပ်တက်လာလို့ တိုက်ပွဲ ဆက်ဖြစ်မယ့် အနေအထားရှိတယ်” ဟု သာ ယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကူများ ရောက်ရှိလာသဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြုသော မိုလ်ဘိုင်းဖုန်း ၂ လုံး၊ ဓာတ်မီး ၂ လက်၊ ငွေသား ၂၀၀၀၀ ကျပ်၊ သက်သေခံကတ်ပြား ၇ ခုနှင့် ကျည် ၁၇ တောင့်ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *