နတ်မောက်မြို့ ဈေးကွက်သစ်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

မကွေးတိုင်း၊ နတ်မောက်မြို့၊ ဈေးကွက်သစ်ကို အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်လို့လူသိများသူ ဦးအောင်သန်း ကို ဒီဇင်ဘာ ၁၀ ရက် မနေ့ကညနေ ၃ နာရီလောက်မှာ ရှင်းလင်းခဲ့တယ်လို့ ဂဠုန်တပ် နတ်မောက် PDF အဖွဲ့ဆီက သိရပါတယ်။

ရှင်းလင်းခံရသူမှာ အသက် ၄၈ ရှိပြီဖြစ်ကာ သူ့ကို မြို့သစ်မြို့နယ်၊ ကွင်းကြီးဘက်မှာ ဖမ်းဆီးမိပြီး ဓါးနဲ့ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“သူတို့အဖွဲ့ဝင် ၁ ယောက်ကို ကျနော်တို့အရင်ရက်က ဖမ်းထားတာ၊ သူတို့လူကိုလိုက်ရှာတာ တဖွဲ့လုံးလာတာ၊ ၁၃ ယောက်ဖမ်းမိတာ၊ မြို့သစ်နယ်ထဲက ကွင်းကြီးဘက်မှာ ဖမ်းမိတာ၊ သူ့ရဲ့ လက်အောက်ငယ်သားတွေတော့ ကျနော်တို့ပြန်လွှတ်ပေးလိုက်တယ်၊ သူတို့ခေါင်းဆောင်ကိုပဲဖမ်းပြီးတော့ ရှင်းလင်းလိုက်တယ်” လို့ ဂဠုန်တပ် နတ်မောက် PDF တပ်ခွဲမှူးဗိုလ်အောင်ဒင် က ပြောပါတယ်။

ဦးသန်းအောင်ဟာ နတ်မောက်မြို့နယ် ကုလားရှင်ရွာမှာ အထိုင်ချထားတဲ့ တပ်မ ၈၈ က အေးချမ်းအောင်တို့နဲ့ အဆက်အသွယ်လုပ်တဲ့အပြင် ပြည်သူတွေကိုခြိမ်းခြောက်နှိပ်စက်ပြီး ရပ်ရွာက ငွေတွေလည်း အလွဲသုံးစားလုပ်တယ်လို့ သိရတာကြောင့် ခုလို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ဦးသန်းအောင်ဆီကနေ အထွေထွေအုပ်ချုပ်ရေးမှူး၊ စစ်ဗိုလ်၊ မြို့နယ်မှူးတို့က ပေးပို့ထားတဲ့ PDF တွေကိုဖမ်းဆီးဖို့ အချက်အလက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဗိုလ်အောင်ဒင် ကဆိုပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့၊ ဈေးကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဓားဖြင့် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း နတ်မောက် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၁၀ ရက် ညနေ ၃ နာရီခန့်တွင် နတ်မောက်မြို့၊ ဈေးကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သန်းသည် ဆိုင်ကယ် ၁၁ စီးဖြင့် ၎င်း၏ ပျောက်ဆုံးနေသော တပည့်ဖြစ်သူကို လိုက်လံရှာဖွေစဥ် နတ်မောက် PDF မှ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိပြီးနောက် ဈေးကွက်သစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သန်းကို နတ်မောက် PDF က ဓားဖြင့် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျန်ဖမ်းဆီးရမိသူများကို ပြန်လွှတ်ပေးခဲ့​ကြောင်း သိရှိရသည်။

” မနေ့က ၁၀ ရက်နေ့က အဲ့ဒီ ပျူစောထီး ခေါင်းဆောင် စျေးကွက်သစ် ဥက္ကဋ္ဌက သူတပည့်ကို ဒီအရှေ့ဘက်တကြောမှာ ပျောက်သွားလို့ ဆိုပြီး ဆိုင်ကယ် ၁၁ စီးနဲ့တက်ပြီးလာရှာတာကို ၁၁ စီးလုံးကို ကျွန်တော်တို့ ဖမ်းဆီးခဲ့တယ်။ ဖမ်းဆီးရမိတဲ့ သူတွေကို စစ်ဆေးလိုက်တော့ အောင်သန်း ဖုန်းထဲမှာ သူလုပ်ထားတဲ့ ပျူစောထီးအလုပ်နဲ့ အုပ်ချုပ်ရေးမှူးဆိုတာ ထင်ရှားလို့ ဓားနဲ့ တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု နတ်မောက် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

နတ်မောက်မြို့ တစ်မြို့လုံး၌ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ၃ ဦးသာရှိပြီး လက်ရှိချိန်တွင် ၂ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *