ကနီမြို့နယ်တွင် စစ်တပ်၏ ရိက္ခာပို့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦးထက် မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကနီမြို့မှ ရိက္ခာပို့ရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟဟာမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ကနီမြို့မှ အလယ်ကျွန်းပျူရွာသို့ ရိက္ခာပို့ရန် အင်အား ၈၀ ခန့်၊ လှည်း ၂ စီးပါ စစ်ကြောင်းကို ကနီမြို့နှင့် ရေလယ်ကျွန်းပျူရွာကြားရှိ‌ ချောင်းရိုးထဲ၌ မီတာ ၂၀၀ အကွာမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာလာစဉ် နောက်မှလိုက်လာသည့် အကြမ်းဖက်စစ်သားများကို တိုက်မိုင်းအကြီး ၃ လုံး ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံး မှုရှိပြီး အရေအတွက် အတိအကျ မသိရကြောင်း သိရသည်။

“အသွားမှာ တိုက်ခဲ့တာဗျ၊ တိုက်ပွဲထဲမှာက မျက်မြင်ကတော့ ၅ ဦးသေတယ်၊ မိုင်းမိလို့ ထပ်သေတာ ဘယ်နှစ်ဦးလည်း အတိအကျ မသိရဘူး၊” ဟု ကျောက်လုံး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ တရင်း ၂၃ (KLG PDF – ကျောက် လုံးကြီး) နှင့် ယင်းမာပင်ခရိုင်တပ်မဟာတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ ရေလယ်ကျွန်းပျူရွာသို့ ရိက္ခာပို့ပြီးပြန်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်မှ တာဝန်ရှိ သူတစ်ဦးကပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခန့်က ကနီမြို့မှ ရေလယ်ကျွန်းပျူရွာသို့ ရိက္ခာပို့ပြီး ပြန် လာသော အင်အား ၅၀ ခန့်နှင့် ရိက္ခာပို့လှည်း ၃စီးပါ စစ်ကောင်စီစစ်ကြောင်းကို လမ်းခုလတ်မှ ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်အထိ အပြန်လှန် ပစ်ခတ်တိုက်ပွဲ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိ ခဲ့ကြောင်းသိရသည်။

“သူတို့က မနက် ၄ နာရီလောက်ကတည်းက ထွက်သွားတာ၊ ကနီနဲ့ ရေလယ်ကျွန်းပျူရွာဆိုတာက သိပ်မဝေးဘူး၊ အပြန်ကျမှ လမ်းခုလတ်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ၊ သေသေချာချာပိုင်ပိုင်နိုင် နိုင်ပစ်ခတ်နိုင်လိုက်တဲ့ တစ်ယောက်ကတော့ ခွေကနဲ့လဲကျသွားပြီး မလှုပ်တော့ဘူး၊ နောက်တစ် ယောက်ကတော့ လဲတော့လဲကျတယ်၊ လှုပ်နေသေးလို့ မသေဘူးဆိုပြီး အပြင်းအထန်နဲ့ ထုတ်ပြန် လိုက်တာ၊ သေတာကတော့ သေနိုင်တဲ့ဒဏ်ရာပါ၊ အသေချာလို့ အပြင်းအထန်နဲ့ပဲ ထုတ်ပြန်လိုက် တာပါ၊” ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ် မတော်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် – ယင်းမာပင်ခရိုင်တပ်ရင်း ၃၀ နှင့် ယင်းမာပင်ခရိုင် အမှတ် ၂ တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *