မြင်းခြံမြို့ရှိ အမှတ် ၂ ရဲစခန်းနှင့် အကျဥ်းထောင် ဝန်ထမ်း အိမ်ရာ အပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ တလုပ်မြို့ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အမှတ် ၂ ရဲစခန်းနှင့် အကျဥ်းထောင် ဝန်ထမ်း အိမ်ရာ အပါအဝင် နေရာ ၄ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike အဖွဲ့ ထံမှ သိရသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြင်းခြံမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြင်း​ခြံမြို့အမှတ် (၂)ရဲစခန်း၊ မြင်းခြံမြို့အကျဥ်းထောင် ဝန်ထမ်းအိမ်ရာနှင့် အမှတ် ၆ ပျူစောထီး ကျော်ဦး နေအိမ်တို့ကို Shar Htoo Waw နည်းပညာ ဒရုန်း ၄ စီးဖြင့် Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ် ပူးပေါင်းအဖွဲ့မှ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် (၁၈၄၈) တပ်ရင်း၊ Shar Htoo Waw (Team2)၊ မြင်းခြံမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း (၃) ၊ မြင်းခြံခရိုင်တပ်ရင်း(၄)၊ အမေ့လက်ရုန်းအဖွဲ့၊ မိုရှေဒါယန်အဖွဲ့၊ နွေဦးစစ်သည် (ရေလယ်ကျွန်းဒေသစစ်ကြောင်း) ၊ MHLG Wing မလှိုင် (ပကဖ) ဒရုန်း တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သားများပေါ်ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း CDSOM တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၉ ရက် ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် မြင်းခြံမြို့နယ် ၊ တလုပ်မြို့ရဲ စခန်း၌ ၂ နှစ် အကြာအခြေချ တပ်စွဲလျက်ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို Shar Htoo Waw နည်းပညာ Fixed Wings ဒရုန်း ၂ စင်းဖြင့် ဗုံးသီး ၄ လုံး ကျဲချခဲ့ရာ ၃ လုံးမှာ အကြမ်းဖက် စစ်ကောင် စီ တပ်သားများပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက် အတိအကျ မသိရသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOM 001 Drone Team ၊ မြင်းခြုံခရိုင် တပ်ရင်း ၂ ၊ မြောင်မြို့နယ် ပလဖ နှင့် Wolf Brothers အဖွဲ့ -မြောင်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

✅သတင်းထုတ်ပြန်ချက်✅

Operation (ပါးရိူင်း)

9.12.2023 မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး – မြင်း​ခြံမြို့အမှတ် (၂)ရဲစခန်း – မြင်းခြံမြို့အကျဥ်းထောင် ဝန်ထမ်းအိမ်ရာ – အမှတ်၆ပျူကျော်ဦးနေအိမ် ပြစ်မှတ်၄နေရာ အား Shar Htoo Waw နည်းပညာ(Team 2)ဒရုန်း(၄)စီးဖြင့်မနက်ပိုင်း ၇နာရီအချိန်ခန့် ကျွန်ပ်တို့ Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ် ပူးပေါင်းအဖွဲ့မှ ဝေဟင်တို-က် ခို-က်မူပြုလုပ်ခဲ့ပါသည်။

အဆိုပါတို-က်ခို-က်မူများအတွင်းပြစ်မှတ်များ ​​ ပေါ်သို့တိုက်ရိုက် ထိမှန်ခဲ့ပါသည်။

အဆိုပါတို-က်ခို-က်မူတွင်ပါဝင်ခဲ့သည့်အဖွဲ့များမှာ

Myingyan District Drone Strike အမှတ် (၁၈၄၈) တပ်ရင်း |

Shar Htoo Waw (Team2) |

မြင်းခြံမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ |

မြင်းခြံခရိုင်တပ်ရင်း ( ၃) |

မြင်းခြံခရိုင်တပ်ရင်း(၄) |

အမေ့လက်ရုန်းအဖွဲ့|

မိုရှေဒါယန်အဖွဲ့ |​

နွေဦးစစ်သည်(ရေလယ်ကျွန်းဒေသစစ်ကြောင်း)|

MHLG Wing မလိူင်(ပကဖ)ဒရုန်း ပူးပေါင်းတပ်ဖွဲ့များမှ ဗံ္ုးကြဲ-တို-က် ခို-က်ခဲ့ပါသည်။

ပြည်သူများအနေဖြင့် စ-ခ များအနီး နေထိုင်မူများ ရှောင်ကြဉ်၍ နေကြပါရန် အသိပေးအပ်ပါသည်။

MDDS အမှတ် (၁၈၄၈)ဒရုန်းတပ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *