ဆောထိမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ စွန့်ခွာ ထွက်ပြေးသွားသော ကွန်ဖဲ့စခန်းကို KNLA က မီးရှို့ရှင်းလင်း

ကရင်ပြည်နယ်၊ KNU ဆောထိမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ခွာ ထွက်ပြေးသွားသော ကွန်ဖဲ့စခန်းကို KNLA က မီးရှို့ရှင်းလင်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဆောထိမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ တောင်ခြေရင်း ရှေ့တန်း တပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တော်လှန်ရေး ပူးပါင်းတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့​ပြီး ယင်းစခန်းနှင့် အပြန်အလှန်လုံခြုံရေးအရ အထောက်အကူယူထားသည့် ဝင်းကလုံး စစ်စခန်းမှာလည်း မလုံခြုံတော့သဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဝင်းကလုံး စခန်း၌ တပ်စွဲထားသော ခမရ−၃၅၂ စစ်ကြောင်း တ မှာ စခန်းကို စွန့်ခွာ ထွက်ပြေးသွား​ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကွန်ဖဲ့စခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် စခန်းကို စွန့်ခွာ ထွက်ပြေးသွားသောကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ သွားရောက် မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ကွန်ဖဲ့စခန်းများကို စွန့်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည့် မြို့နှင့်အနီးဆုံး တပ်စခန်းများ၌ ပြန်လည် အင်အားဖြည့် ပူးပေါင်းထားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *