လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင် အိမ်ရာအနီးရှိ ကြံ့ဖွတ် ပါတီရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင် အိမ်ရာအနီးရှိ ကြံ့ဖွတ် ပါတီရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း DarkShadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လှိုင်သာယာမြို့နယ် ထီးလှိုင်ရှင် အိမ်ရာအနီး ရုံးရှေ့ မှတ်တိုင်ရှိ ကြံ့ဖွတ်ပါတီ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရုံးကို DarkShadow တပ်ဖွဲ့နှင့် မဟာမိတ် GOD/ မြို့ပြတော်လှန်ရေး အင်အားစု တို့က ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးခန်းတွင် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူး အရပ်ဝတ် အသွင်ယူများ အမြဲစုစည်း တွေ့ဆုံ ရုံးထိုင်ရာ စားကျက်နေရာဖြစ်ပြီး အပစ်မဲ့ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အစဉ်တစိုက် အန္တရာယ်ပေးခဲ့သည့် သူများ စုဝေးရှိနေသောကြာင့် စစ်ရေးပစ်မှတ်အနေဖြင့် သတ်မှတ်၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အထိအခိုက်ရှိနိုင်တယ်။ လူနာတင်ယာဉ်ကားလာတယ်” ဟု DarkShadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူး အရပ် ဝတ်အသွင်ယူများ စုစည်းရာ အဆောက်အဦးများအနီးကို သွားလာခြင်း ရှောင်ကြဉ်ကြရန်နှင့် ယခုကဲ့သို့ ဖြစ်စဉ်များ မိမိနေထိုင်ရောက်ရှိရာ အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ပါက လုံခြုံစိတ်ချရသည့်နေရာမှသာ စောင့်ကြည့်ကြပါရန် မေတ္တာရပ်ခံကြောင်း DarkShadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *