နမ့်ဆန်ရဲစခန်းမှ လက်နက် ၁၄လက်ရဟု TNLA အသိပေး

ရှမ်းမြောက် နမ့်ဆန်မြို့နယ်ရဲစခန်းကို တအာင်းတပ်မတော်(TNLA)က ယမန်နေ့ နံနက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ၁၄လက် သိမ်းဆည်းရရှိခဲ့သည်ဟု TNLAက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၁ရက် နံနက်တွင် နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီစခန်း တစ်ခု၊ ရဲစခန်းတစ်ခုနှင့် လားရှိုးမြို့နယ်မှ ကင်းစခန်းတစ်ခုကို TNLAက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ရဲစခန်းသိမ်းပိုက်သည့် တိုက်ပွဲအတွင်း ခြောက်လုံးပြူး သုံးလက် အပါအဝင် လက်နက်(၁၄) လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။

ယနေ့တွင် စစ်ကောင်စီ၏ မန်တုံ တပ်စခန်းမှ နမ့်ဆန်ဘက်သို့ လက်နက်ကြီးဖြင့် ငါးကြိမ် ပစ်ခတ်ခဲ့ပြီး လေကြောင်းမှလည်း Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top