ညောင်ပင်သာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်မနည်းဟု ဖာပွန် PDF အသိပေး

ဖြူးမြို့နယ် ညောင်ပင်သာနယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးပြီး ၎င်းတို့လည်း ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ဖာပွန်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Phapun PDF)က အသိပေး ထုတ်ပြန်သည်။

ရန်ကုန် – မန္တလေးလမ်းမပေါ်ရှိ ညောင်ပင်သာနယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကြောင်းများ နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ယနေ့(ဒီဇင်ဘာ ၁၃ ရက်) နံနက် အစောပိုင်းတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာနယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပီး နံနက် ၅နာရီတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖာပွန် PDFက အသိပေးသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း RPG ထိပ်ဖူး ၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ (၉) မမကျည် ၈၀ တောင့်၊ (၆၀) မမဗုံးသီး ၂၇ ခု၊ G2 ၁လက်၊ G3 ၂လက်၊ ပြောင်းချော ၄လက်၊ BA 94 ၂လက်၊ MA-13 ၁လက်၊ Tear Gas Gun ၂ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထိပ် ၄ ခု၊ လက်တော့ ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂စုံ၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနှင့် ၉လုံးကျည် ၂၀၁ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထပ်မံ အသိပေးထားသည်။
တိုက်ပွဲအပြီးပေးပို့လာသောကြေးနန်းအရ ရန်သူ ၁၀ ဦးထက်မနည်း အများအပြားသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ရိုးမစစ်ဆင်ရေးနယ်မြေအတွင်း ဖာပွန် PDF တပ်ဖွဲ့ဝင်များသည် မဟာမိတ်ပူးပေါင်းတပ်များနှင့်လက်တွဲ၍ စစ်ဆင်ရေးဆင်နွှဲနေသည်မှာ သုံးလခန့်ရှိပြီး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ပြည်သူလူထုအား အသိပေးထားသည်။

(ညောင်ပင်သာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ဖာပွန် PDF)


Comments

Leave a Reply

Your email address will not be published. Required fields are marked *