နမ့်ဆန်မြို့မရဲစခန်းမှ ထွက်ပြေးသွားသော ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းမှ ဗိုလ် မှူး / ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၂၀ ဦး နီးပါးပါ စစ်ကြောင်းမှ အားလုံး စုစုပေါင်း ၄၀ ဦးဝန်းကျင် တိုက်ပွဲတွင် သေဆုံး

နမ့်ခမ်းမြို့သို့ ရဟတ်ယာဉ်ဖြင့် စစ်ကူ ချထားပေးသည့် စစ်တပ်စစ်ကြောင်းမှလည်း ၂၅ ဦးသေဆုံးပြီး ဖရိုဖရဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ နမ့်ဆန်မြို့မရဲစခန်းကို TNLA က သိမ်းပိုက်စဉ် ထွက်ပြေးသွားသော ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းမှ ဗိုလ်မှူး/ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၂၀ ဦးနီးပါးပါ စစ်ကြောင်းမှ စစ်သားနှင့်ရဲများအားလုံး စုစုပေါင်း ၄၀ ဝန်းကျင် ယမန်နေ့ တိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန် TNLA က နမ့်မြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော စစ်ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၁ ဦး ပါ စစ်ကြောင်းသည် ခလရ ၂၅၄ မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းတွင် သွားရောက်ပူးပေါင်းခဲ့ကြ ကြောင်း၊ အဆိုပါ ပူးပေါင်းစစ်ကြောင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် TNLA က တိုက်ခိုက်ရာမှ အားလုံး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်း မကျဆုံးစေရေး စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ချထားပေးသော စစ်ကူ အင်အား ၇၀ အနက်မှ ၂၅ ဦးမှာလည်း TNLA နှင့်တိုက်ပွဲအတွင်း သေဆုံးပြီး ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *